ပြည်ကြက်သွန်နီ အရောင်းအဝယ်ပြန်လည်အေး

ပြည်ကြက်သွန်နီဈေးကွက်တွင် ယခုတစ်ပတ် ဈေးနှုန်းအနည်းငယ်ကျဆင်းသွားသလို အရောင်းအဝယ်လည်း အေးသွားပါတယ်။ ရွှေဆံတော်ဘုရားပွဲတော်လည်းပြီး ကထိန်ရာသီလည်းကုန်ချိန်မို့ အရောင်းအဝယ်အေးသွားခြင်း ဖြစ်ကြောင်းသိရပါတယ်။ ဈေးနှုန်းများမှာ ကျဆင်းသွားပြီး  အချို့ပြည်ပွဲရုံများ၌ မကွေးတိုင်းအဝင်အိတ်များအတိုင်း မသန့်ရသေးတဲ့ ကြက်သွန်နီ ဂျွန်ပိဿာ ၃၀ ဝင် တစ်အိတ်
လျှင် အိတ်ဆွဲ အနိမ့်ဈေး ကျပ် ၅၀ဝ-၇၀ဝ နဲ့ အမြင့် ဈေး ကျပ် ၉၀ဝ တို့နဲ့ ရောင်းချနေကြောင်း သိရပါတယ်။
ပုံမှန်ရောင်းချနေတဲ့ ပြည်ပွဲရုံ များတွင် ပြန်လည်သန့်စင်၍ အမျိုးအစားခွဲကာလက်ကား တစ်ပိဿာလျှင် (ကြီး) ကျပ် ၁၂၀ဝ၊ (လတ်) ကျပ် ၉၀ဝ၊ (သေး) ကျပ်၇၀ဝ တို့နဲ့ ရောင်းချလျက်ရှိပါတယ်။ လက်လီဈေးအသေးများတွင် တစ်ပိဿာ ကို(ရှယ်သန့်) ကျပ် ၁၄၀ဝ၊ (ကြီး) ကျပ် ၁၃၀ဝ၊ (လတ်) ကျပ် ၁၀ဝဝ-၁၂၀ဝ၊ (သေး)ကျပ် ၈၀ဝ-၉၀ဝ တို့နဲ့ ရောင်းဝယ်နေကြပြီး စားသုံးသူများမှာ အလတ်စ ကြက်သွန်နီ
များကို ဝယ်ယူစားသုံးမှု များကြောင်း သိရှိရပါတယ်ဝင်ရောက်မှုမှာ ယခင်တစ်ပတ်ထက် အနည်းငယ်ကျဆင်းသွားပြီး ဆိပ်ဖြူ၊ရေနံချောင်း နယ်များမှ ပိဿာ ၃၀ ဝင် အိတ်၂၈၀ ခန့်ကို ရက်ခြားသာ အဝင်ရှိနေ
ကြောင်း သိရပါတယ်။
ဝင်းလဲ့ဝါ (ပြည်)

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General