ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၆၀ဝဝ ကျော်ရရှိပြီး ယခင်နှစ် ကာလတူထက် မြင့်တက်နေပြီ

 စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့ ပုဂ္ဂလိကကဏ္ဍနဲ့အစိုးရကဏ္ဍပူးပေါင်းဆောင်ရွက်ပြီး ဘက်ပေါင်း စုံ၊ နည်း လမ်းပေါင်းစုံနဲ့ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးအတွက် ကုန်သွယ်မှုမူဝါဒဆိုင်ရာများ ကို ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့သလို အစိုးရသစ် လက်ထက်တွင် ပို့ကုန်သုံးဆတိုးမြှင့်စေရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွ က်ခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်ခဲ့မှုတွေေ ကြာင့် မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုကဏ္ဍအသီးသီးမှာ အခက်အခဲတွေ ၊ စိန် ခေါ်မှုတွေရှိနေပေမယ့် ပို့ကုန်ကဏ္ဍမှာ အမေရိကန်ဒေါ်လာသန်း ၇၀ဝဝ နဲ့ သွင်းကုန်ကဏ္ဍမှာ အမေ ရိကန်ဒေါ်လာသန်း ၉၀ဝဝ ကျော် ရှိခဲ့တဲ့အတွက် စုစုပေါင်းကုန်သွယ်မှုပမာဏဟာ အမေရိကနေ် ဒါ်လာသန်း ၁၆၀ဝဝ ကျော် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲဒီပမာဏဟာ အရင်နှစ်ကထက် ပို့ကုန်ကဏ္ဍမှာ အမေ ရိကန်ဒေါ်လာ ၅၅၂ သန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ သလို သွင်းကုန်ကဏ္ဍမှာလည်း အမေရိကန်ဒေါ်လာ သန်း ၄၉၀ ကျော် လျော့နည်းတင် သွင်းခဲ့ တာကြောင့် ကုန်သွယ်မှုပိုငွေဟာ အမေရိကန်ဒေါ်လာ ၆၂ သန်း ပိုမိုခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အဓိကတင်ပို့နေတဲ့ ပို့ကုန်ပစ္စည်းတွေကတော့ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်းနဲ့သတ္တုတွင်းထွက်ပစ္စည်းများ၊CMP ချုပ်ပြီး အထည်တွေ၊ Re-export စနစ်နဲ့တင်ပို့တဲ့ သကြား၊ လယ်ယာထွက်ကုန်ပစ္စည်းတွေဖြစ်တဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲဆန်တို့ ဖြစ်ပါတယ်။ ပြည်ပကနေ မြန် မာနိုင်ငံကိုအဓိကတင်သွင်းတဲ့ သွင်း ကုန်ပစ္စည်းေ တွကတော့ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ဆက်စပ်ပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ စက်နှင့်စက်ပစ္စည်း များ၊ သံနှင့်သံမဏိပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်ပါတယ်။ သွင်းကုန်ပိုင်းမှာ လျော့နည်းခဲ့ရတဲ့အကြောင်းက နိုင်ငံတော်ရဲ့ တည်ဆောကေ် ရးလုပ်ငန်းတွေ၊ ပုဂ္ဂလိကကဏ္ဍရဲ့ထုတ်လုပ်မှုလုပ်ငန်း တွေ၊ SME လုပ်ငန်းေ တွအတွက် ရင်းနှီးမြှုပ်နှံမှုပစ္စည်း တင်သွင်းမှု လျော့နည်းခဲ့တဲ့အတွက် သွင်းကုန်ပိုင်း မှာ လျော့နည်းခဲ့ပြီး ကုန်သွယ် မှုပိုငွေပြနေရတာဖြစ်ပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် သကြား၊ ကွမ်းသီး၊ စက်သုံးဆီတို့ကို Re-export စနစ်နဲ့ကုန်သွယ်ခွင့်ပြုခဲ့ရာမှာ အောင်မြင်ခဲ့တဲ့အတွက် အဝတ် အထည်၊ ကြက်သွန်ဖြူ၊ နှမ်း(ဖြူ/နက်)၊ ငရုတ် သီးခြောက်၊ မြေပဲ၊ဝါဂွမ်း၊ ပဲပုပ်စေ့၊ ချည်မျှင်၊ သစ်သီးအစို၊ လျှပ်စစ်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ အချိုရည်အမျိုးမျိုးနဲ့ စားသောက် ကုန်ပစ္စည်း များ၊ စားသုံးဆီ၊ ကားတာယာတို့ကိုလည်း Re-export စနစ်နဲ့ တင်ပို့ခွင့်ကို ထပ်မံခွင့်ပြုခဲ့ပါတယ်။ ယခင်က ဈေးကွက်ရှိပြီးဖြစ်တဲ့ အေးခဲအသားကိုလည်းRe-export စနစ်နဲ့ ကုန်သွယ်မှုပြုနိုင်ဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါ တယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ နယ်စပေ် ဒသမှာ နေထိုင်တဲ့ပြည်သူများ ကူးသန်းရောင်းဝယ်မှု အဆင်ပြေစေဖို့ တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်လက် မှတ် (ITC) ကတ်နဲ့ မှတ်ပုံတင်ထား သူတွေကို မော်တော်ဆိုင်ကယ်တင်သွင်းခွင့်ပြုခဲ့ပါတယ်။ မော်တော် ဆိုင်ကယ်တင်သွင်းခွင့်ပြုရာမှာ တစ်ဦးကို တစ်ရက် လျှင် မော်တော်ဆိုင်ကယ် တစ်စီးနှုန်းဖြ င့် တစ်ပတ်လျှင် ဆိုင်ကယ်ငါးစီးတင်သွင်းခွင့်ပြုတဲ့အတွက် နယ်စပ် စခန်းများမှ မော်တော်ဆိုင်ကယ်တင်သွင်းမှုများ ပိုမိုဆောင်ရွက်လာ ကြတာကို တွေ့ရပါတယ်။ ဒါ့အပြင် ယခင်က သွင်းကုန်လိုင်စင်လျှောက်ထားရယူ ဆောင်ရွက်ရမယ့် ကုန်စည်လိုင်း ၄၄၀၅ လိုင်းအနက်မှ ကုန်စည်လိုင်း ၂၆၇ လိုင်းကို သွင်း ကုန်လိုင်စငေ် လျှာက်ထားဖို့ မလိုတဲ့ကုန်စည်လိုင်းများအဖြစ် ထပ်မံဖြေလျော့ပေးခဲ့တဲ့အတွက် ကုန်သွယ်မှုကဏ္ဍမှာ ပိုမိုတိုးတက်လာတာ တွေ့ရပါတယ်။ ပြည်ပပို့ကုန်တိုးမြှင့်ရေး အတွက်လည်း ပြည်ပသို့ တင်ပို့ခွင့်မပြုတဲ့ကုန်ပစ္စည်းများအနက် ပန်းနှမ်းဆီ၊ မုန်ညင်းစေ့၊ မုန်ညင်းဆီ၊ နေကြာစေ့၊ နေ ကြာဆီ၊ ဆီကြိတ်ဖတ်အားလုံး၊ ပုစွန်ဖွဲစတဲ့ ပစ္စည်း ငါးမျိုးကို ပြည်ပသို့တင်ပို့ခွင့်ပြုခဲ့ပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးဦးစီးဌာနဟာ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတကေ် ရးအတွက် မြန်မာ နိုင်ငံရဲ့ကုန်သွယ်မှု ဘက်စုံလေ့လာ ဆန်းစစ်ခြင်း (Diagonstic Trade Integration Study – DTIS) အစီရင်ခံစာထုတ်ပြန်ခြင်း အခမ်းအနားကို နေပြည်တော်မှာ အောင်မြင်စွာကျင်းပနိုင်ခဲ့ရာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက်ချီးမြှင့်ပေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ကုန်သွယ်မှုသတင်းအချက်အလက်များ ပွင့်လင်းမြင်သာမှုရှိစေရေး၊ ကုန်သွယ်မှုလျင်မြန်ချောမွေေ့ စ ရေးကို အထောက်အကူဖြစ်စေရေးနဲ့ ပိုမိုကောင်းမွန်တဲ့ စီး ပွားရေးပတ်ဝန်းကျင်တစ်ခု တည်ဆောက်နိုင်ဖို့ရည်ရွယ်ပြီး National Trade Portal and Trade Repository Website မိတ်ဆက်ပွဲအခမ်းအနားကို ေ နပြည်တော်မှာကျင်းပခဲ့ရာ နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။ စီးပွားရေးနှင့် ကူးသန်းေ ရာင်းဝယ်ရေး ဝန်ကြီးဌာန အနေနဲ့ ပြည်ပသို့ ဆန်စပါးတင်ပို့နိုင်ရန်အတွက် ဆန်စပါးကုန်သွယ်မှုကဏ္ဍနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတွင်တန်းမြင့်ဆန်များထုတ်လုပ်နိုင်ရေးနဲ့ ဈေးကွက် ဝင် စံချိန်စံညွှန်းများရရှိရေးအတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့AQSIQ မှ ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်သူများနဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ကေို တွ့ ဆုံဆွေးနွေးစေ ၍ နည်း ပညာများ ရရှိနိုင်ရေး ဆောင်ရွက်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှ ဆန်များဟာ တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် ဈေးကွက်များသို့ တင်ပို့ရာမှာ အရည်အသွေးပိုင်းသာမက တစ်ဧက အထွက်နှုန်းပိုင်းမှာပါ နည်းပညာအရ လိုအပ်ချက်များ ရှိနေတဲ့ အတွက် အဲဒီလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး၊ အရည် အသွေး နိမ့်ကျရတဲ့ အကြောင်းရင်းေ တွဖြစ်တဲ့ မျိုးစေ့၊ နည်းပညာ တို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီပေးလျက်ရှိကြောင်းသိရှိရပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေး၊ ေ မွးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့လည်း တောင်သူ လယ်သမားများ စပါးစိုက်ပျိုးရာမှာ သွင်းအားစုများ ဝယ်ယူရာမှာ အဆင်ပြေလွယ်ကူစေရန်အတွက် တစ်ဧကလျှင် ကျပ်ငွေ ၁၅၀ဝဝဝ နှုန်း၊ ပဲမျိုးစုံစိုက်ပျိုးတဲ့ တောင် သူများအတွက် တစ်ဧကလျှင် ကျပ် ၂၀ဝဝဝ၊ ချက်ကြံစိုက် တောင်သူများအတွက် တစ်ဧကလျှင် ၁၀ဝဝဝဝ နှုန်းဖြင့် တောင်သူလယ်သမားများကို ချေးငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရပါ တယ်။ မြန်မာ့ဆန်များကို နိုင်ငံတကာဈေးကွက်သို့ တိုးချဲ့တင်ပို့နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန အနေဖြင့် ပြည်ထောင်စုဝန်ကြီး၏ ပြည်ပ ခရီး စဉ်များမှာ လည်း ကောင်း၊ ပြည်ပအဖွဲ့အစည်းများမှ ပြည်ထောင်စုဝန်ကြီးအား လာ ရောက်တွေ့ဆုံတဲ့အခါ မှာ လည်းကောင်း ဆန်စပါးဈေးကွက် ပိုမိုရရှိ ရေးအတွက် ညှိနှိုင်းေ ဆွးနွေးပေးလျက်ရှိကြောင်း သိရှိရပါတယ်။ဒါ့အပြင် မြန်မာ့ဆန်များကို တရုတ်နိုင်ငံသို့တင်ပို့ ရာတွင် တစ်ဖက်နိုင်ငံမှ ကန့်သတ်ဆောင်ရွက်မှုများရှိသဖြင့် တရားဝင်တင်ပို့ ခွင့် ရ ရှိရေးအတွက် နှစ်စဉ်ပြုလုပ်တဲ့ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်း မှုကော်မတီ (JBTCCC)များတွင်လည်းကောင်း၊ နှစ် နိုင်ငံတာဝန်ရှိသူများတွေ့ဆုံရာတွင်လည်းကော င်း၊ အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးလျက်ရှိပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း နှစ်နိုင်ငံ Quarantine ကိစ္စများ ဆွေးနွေး ခဲ့ပြီးနောက် တရုတ်နိုင်ငံဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး နှင့် လယ်ယာကဏ္ဍကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို Criteria စံသတ်မှတ်ချက်များနဲ့ လက်မှ တ် ရေးထိုးခဲ့ပြီး မြန်မာကုမ္ပဏီ ၂၉ ခုက ဆန်တန်ချိန် ၁၀ဝဝဝဝ တင်ပို့ ရန် သဘောတူညီခဲ့ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီး ရှားနိုင် ငံသံရုံးမှ သံအမတ်ကြီးနဲ့ ပြည်ထောင်စုဝန်ကြီးတို့တွေ့ဆုံစဉ်က မြန်မာနိုင်ငံမှ ဆန်ကို အင်ဒိုနီးရှားနိုင်ငံက ပိုမိုဝယ်ယူနိုင်ရေး၊ မြန်မာနိုင်ငံမှ ဆန်တင်ပို ့နိုင်ရန်အ တွက် မြန် မာနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာမူကြမ်း ပြင်ဆင်ရန် နှစ်နိုင်ငံညှိနှိုင်းလျက် ရှိကြောင်း၊ ဖိလစ်ပိုင်နိုင်ငံမှလည်း ဝယ်လိုအား ရှိနေသဖြင့် G to G ရောင်း ချနိုင်ရေး ညှိနှိုင်းလျက်ရှိကြောင်း စုံစမ်းသိရှိရပါတယ်။ မြန်မာ့ဆန်ကို နယ်စပ်လမ်း ကြောင်းမှ တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ လျက်ရှိပြီး တရားဝင်တင်ပို့ခွင့် ရရှိရေး၊ ဆန်တင်ပို့ခွင့် ခွဲတမ်းပိုမို ရရှိရေး၊ ဆန်သာမက ဆန်ကွဲကိုပါ တင်ပို့ခွင့်ရရှိရေးအတွက် နှစ်နိုင်ငံကုန် သွယ်မှုဆိုင်ရာ ကိစ္စ ရပ်များအား ဆွေးနွေး ကြကြောင်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးရဲ့ မူဆယ်ခရီးစဉ်မှာ တရုတ်နိုင်ငံနဲ့ နှစ်နိုင်ငံ ချစ်ကြ ည် ရင်းနှီးမှု ပိုမိုတိုးတက်စေရေး၊ နယ်စပ် ဒေသ အာဏာပိုင်အဆင့် အလွတ် သဘောဆွေးနွေးပွဲမှာ မိမိနိုင်ငံဘက်မှ တင်ပို့တဲ့ ဆန်၊ ပဲ၊ ပြောင်း၊ ဆန်ကွဲ၊ သကြား တို့ကို တရုတ်နိုင်ငံမှ တရားဝင် တင်သွင်း ခွင့်ပြုရေးတို့ကို ဆွေးနွေး ခဲ့တဲ့အပြင် တရုတ်နိုင်ငံရဲ့အမျိုးသားဖွံ့ဖြိုးတိုးတက် မှုနဲ့ ပြောင်းလဲမှုဆိုင် ရာကော်မရှင် (Na tional Development and Reform Commission of China - NDRC)အဖွဲ့နဲ့လည်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းမှု ကော် မတီ အစ ည်းအဝေးမှာ ဆွေးနွေး ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ SME လုပ်ငန်းများတိုးတက် လာပြီး ပြည်ပသို့ အရည်အသွေး ကောင်းမွန်တဲ့ဆန်များ တင်ပို့နိုင်ဖို့ ဆန်စက်များအား အဆင့်မြှင့်တင်ရေးအတွက် ဆန်စက်နဲ့ ဆန်စက် အပိုပစ္စည်းများအား ပြည် ပမှ တင်သွင်းရာမှာ မြန်ဆန်စေရေးအ တွက် ဆောင်ရွက်ပေးလျက် ရှိသလို နယ်စပ် စခန်းများမှ တင်သွင်းရာမှာလည်း လျင်မြန်ချောမွေ့ စေရေးအတွက် နယ်စပ် စခန်းများမှ လိုင်စင်ခွင့်ပြု ပေးပြီး တင်သွင်းခွင့်ပြုပေးလျက်ရှိပါတယ်။၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၁ ရက်မှာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ ကုန်သွယ် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့နဲ့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ တယ်ဟုန်ပြည် နယ်ခွဲအဖွဲ့တို့ ေ တွ့ဆုံ ဆွေးနွေးရာမှာ မြန်မာ-တရုတ် နှစ် နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများ ဆောင် ရွက်ရာမှာ လွယ်ကူလျင်မြန်ချောမွေ့စေရေးအတွက် ပူးပေါင်းဆောင်ရွက် ရေး ကိစ္စများ ဆွေးနွေးကြကြောင်း သိရှိရပါတယ်။ (၈)ကြိမ်မြောက် မြန်မာ-ဘင်္ဂ လားဒေ့ရှ် ကုန်သွယ်ရေး ပူးတွဲ ေ ကာ် မရှင်အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ နိုဝင် ဘာလ ၉ ရက်နဲ့ ၁၀ရက်တို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာ ကျင်းပခဲ့ပါတယ်။ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန်နဲ့ ကုန်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ခေါင်း ဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီး ဌာန Senior Secretary H.E Mr.Hedayedtullah AL Mamoon အပါ အဝင် အခြား သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မြန် မာနိုင်ငံ အနေဖြင့် ဆန်၊ ပဲ ၊ ကြက် သွန်နီ၊ ကြက်သွန်ဖြူစတဲ့ လယ်ယာထွက်ကုန်ပစ္စည်းတို့ကို နှစ်နိုင်ငံ ကုန် သွယ်မှု တိုးတက်ရေးအတွက် ပင်လယ် ရေကြောင်း နည်းလမ်းဖြင့် တင်ပို့လို ကြောင်း ဆွေးနွေးခဲ့ ကြတယ်လို့ သိရှိရပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ကုန်သွယ် မှုလုပ်ငန်းများ မှ နိုင်ငံတော် ဖွံ့ဖြိုးတိုး တက်စေရေးအတွက် ရည်မှန်းချက် ချမှတ်ထားသည့်အတိုင်း ကုန်သွယ်မှု တိုးမြှင့်ရေး၊ ကုန်သွယ်မှု လွယ်ကူလျင် မြန်ချောမွေ့စေရေး ကုန်သွယ်မှုဖြေ လျော့ရေးလုပ်ငန်းများကို ဦးတည် ဆောင်ရွက်နေတဲ့အတွက် ကာလတူ နှင့် နှိုင်း ယှဉ်ပါ က ပို့ကုန်တွင် ဒေါ်လာ ၅၅၂ သန်းပိုမိုခဲ့ပြီး စုစုပေါင်း ကုန် သွယ်မှုပမာဏတွင် ဒေါ်လာသန်း ၁၆၀ဝဝ ကျော် ရရှိခဲ့ကြောင်း သိရှိရပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနအနေဖြင့် ကုန်သွယ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာမှာ အိမ်နီးချင်း နိုင်ငံများနဲ့ ကုန်သွယ်မှုပိုမိုရရှိရေးကို ဦးစား ပေးဆောင်ရွက်လျက်ရှိပါ တယ်။ အဲဒီလေို ဆာင်ရွက်ရာမှာ မြန်မာ နိုင်ငံ ရဲ့ အဓိကပို့ကုန်ဖြစ်တဲ့ ဆန်စပါး ပိုမို တိုးတက် တင်ပို့နိုင်ရေးကို အဓိကထား ဆောင်ရွက်လျက်ရှိသလို ဆန်စပါး၊ ပဲအမျိုးမျိုး၊ ပြော င်းစတဲ့သီးနှံများကို စိုက်ပျိုးထုတ်လုပ်နေကြတဲ့တောင်သူများအား စိုက်ပျိုးနည်းစနစ်မှန်ကန် ရေး၊ အရည်အသွေးမြင့်မားပြီး ပိုးမွှားကင်းစင်တဲ့၊ ဓာတုကင်းစင်တဲ့ သီးနှံများ ထုတ်လု ပ် တင်ပို့နိုင်ရေးကိုလည်း ဆောင် ရွက်လျက်ရှိပါတယ်။ ဒါကြောင့် ကုန်သွယ်မှုကဏ္ဍပိုမို တိုးတက်ရေးအတွက် ပို့ကုန် ကဏ္ဍဟာ အရေးပါတဲ့နေ ရာမှ ပါဝင်လျက်ရှိ နေပေရာ ပို့ ကုန်တိုးမြှင့်ရေးအတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြဖို့ လိုအပ်ပါကြောင်း တိုက်တွန်းရေး သားလိုက်ရပါတယ်။
Ref : ရှင်မင်းအံ့ (တန့်ဆည်)

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General