ဓာတ်ဆီ/ဒီဇယ်ဒီတစ်ပတ်ရေလမ်းရော နယ်စပ်လမ်းပါ အဝင်ရှိ

သီတင်းတစ်ပတ်ဖြစ်တဲ့ အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၅ရက်အထိပင်လယ်ရေကြောင်းလမ်းမှကန်ဒေါ်လာ၃၇၅၅၄၄တန်ဖိုးရှိဒီဇယ် ၃၈ဒသမ၂၆၃တန်နဲ့ကန်ဒေါ်လာ၇၉၈၆၇၄၄တန်ဖိုးရှိဓာတ်ဆီ၁၅၄ဒသမ၃၈၆တန်တင်သွင်းခဲ့တယ်လို့သိရပါတယ်။ဒီတစ်ပတ်မှာဒီဇယ်၊(၉၂)နဲ့(၉၅)များ တင်သွင်းခဲ့ပါတယ်။ယခင်သီတင်းပတ်ပင်လယ်ရေကြောင်းမှအဝင်မရှိဘဲ ဒီတစ်ပတ်မှသာ ပြန်လည်တင်သွင်းခြင်းဖြစ်ပါတယ်။ နယ်စပ်စခန်းများဖြစ်တဲ့တာချီလိတ်ကုန်သွယ်ရေးစခန်းမှကန်ဒေါ်လာ၆၆၅၂၅တန်ဖိုးရှိဒီဇယ်တန်ချိန်၁၄၀နဲ့ကန်ဒေါ်လာ၇၇၄၀၄တန်ဖိုးရှိ ဓာတ်ဆီ၁၃၆တန်တင်သွင်းခဲ့သလိုမြဝတီကုန်သွယ်ရေးဇုန်မှကန်ဒေါ်လာ၁၈၀ဝ၅တန်ဖိုးရှိဓာတ်ဆီ၃၃ဒသမ၅တန်၊မြိတ်ကုန်သွယ်ရေးစခန်းမှကန်ဒေါ်လာ၆၈၅၀၆၈တန်ဖိုးရှိဒီဇယ်၁၄၂၅တန်တင်သွင်းခဲ့တယ်လို့သိရပါတယ်။ထူးခြားမှုအနေနဲ့ဒီတစ်ပတ်မှာလွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှတစ်ဖက်နိုင်ငံသို့ ဒီဇယ်တန်ချိန်၂၀ဝဝ တင်ပို့ခဲ့တယ်လို့သိရပါတယ်။ရန်ကုန်ဈေးကွက်မှာဓာတ်ဆီ၊ဒီဇယ်မှာပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ဒီဇယ်၊ အောက်တိန်း(၉၂)နဲ့(၉၅)မှာဈေးနည်းနည်းကျလာတယ်လို့သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ်  ၆၃၀ ကျပ်၊ အောက်တိန်း(၉၂)၆၃၀ ကျပ်၊အောက်တိန်း(၉၅) ၆၆၀ ကျပ်၊အဆင့်မြင့်ဒီဇယ်၆၄၅ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ပြင်ပလက်လီဆိုင်များမှာအရောင်းအဝယ်ဖြစ်နေတဲ့ပီပါဈေးများမှာ နိုဝင်ဘာ၇ရက်မှာဒီဇယ်ဝယ်ဈေး၁၂၇၀ဝဝကျပ်၊ရောင်းဈေး၁၂၉၀ဝဝကျပ်နဲ့အရောင်းအဝယ်ဖြစ်ပြီးနိုဝင်ဘာ၁၀ရက်တွင်ဝယ်ဈေး၊ရောင်းဈေး၃၀ဝဝကျပ်ဈေးကျပြီး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာ၇ရက်ဓာတ်ဆီဝယ်ဈေး၁၂၈၀ဝဝကျပ်၊ရောင်းဈေး၁၃၀ဝ၀ဝကျပ်နဲ့အရောင်းအဝယ်ဖြစ်ခဲ့ရာ နိုဝင်ဘာ၉ရက်တွင်ဝယ်ဈေး၊ရောင်းဈေး၁၀ဝဝကျပ်ဈေးမြင့်ခဲ့တယ်လို့သိရပါတယ်။ပြင်ပလက်လီတစ်ဂါလန်ဈေးများမှာဒီဇယ်တစ်ဂါလန်၂၇၀ဝ ကျပ်၊ဓာတ်ဆီ တစ်ဂါလန် ၂၈၀ဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ပုဂ္ဂလိကဆိုင်များတွင်ဓာတ်ဆီ၊ဒီဇယ်၊အဆင့်မြင့်ဒီဇယ်နဲ့အောက်တိန်းမှာဈေးကျလာတယ်လို့သိရပါတယ်။ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့တစ်လီတာ ဈေးနှုန်းများမှာ ဓာတ်ဆီတစ်လီတာ၆၄၅ ကျပ်၊ ဒီဇယ် ၅၈၀ကျပ်၊ အဆင့်မြင့်ဒီဇယ် ၆၄၅ကျပ်၊အောက်တိန်း (၉၂)၆၄၅ကျပ်နဲ့ ရောင်းချနေပါတယ်. ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ပီပါဈေးများမှာ နိုဝင်ဘာ၇ရက်မှာဒီဇယ်ဝယ်ဈေး၁၂၆၀ဝဝကျပ်၊ရောင်းဈေး၁၂၉၀ဝဝကျပ်နဲ့အရောင်းအဝယ်ဖြစ်ခဲ့ရာနောက်ရက်များတွင်ဆက်တိုက်ဆိုသလိုဈေးကျလာခဲ့ရာ နိုဝင်ဘာ ၉ရက်တွင်ဝယ်ဈေး၁၂၄၀ဝဝ ကျပ်၊ရောင်းဈေး ၁၂၆၀ဝဝ ကျပ်နဲ့အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ဓာတ်ဆီဈေးမှာ နိုဝင်ဘာ ၇ ရက်တွင် ဝယ်ဈေး ၁၂၉၀ဝဝ ကျပ်၊ရောင်းဈေး ၁၃၁၀ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ နိုဝင်ဘာ ၉ ရက်မှစပြီးဝယ်ဈေး ၁၃၁၀ဝဝကျပ်၊ရောင်းဈေး၁၃၃၀ဝဝကျပ်နဲ့အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်ပြင်ပလက်လီဆိုင်များတွင်တစ်ဂါလန်ဈေးမှာဒီဇယ်၂၈၀ဝကျပ်၊ဓာတ်ဆီ ၂၈၀ဝကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်မော်လမြိုင်ဈေးကွက်မှာဓာတ်ဆီ၊ဒီဇယ်ကပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ဒီတစ်ပတ်ဓာတ်ဆီဈေးငြိမ်ပြီး ဒီဇယ်နဲ့အောက်တိန်း ဈေးနည်းနည်းမြင့်လာခဲ့တယ်လို့ သိရပါတယ်။ဒီတစ်ပတ်ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ဈေးများမှာ ဓာတ်ဆီ တစ်ဂါလန် ၃၀ဝဝ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၁၅၀ကျပ် ၊အောက်တိန်း တစ်ဂါလန် ၃၀၁၅ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၃၁၀ဝ ကျပ်၊ဒီဇယ်တစ်ဂါလန်၃၁၀ဝ ကျပ်၊ အောက်တိန်းတစ်ဂါလန်၃၁၀ဝကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။တောင်ကြီးဈေးကွက်မှာပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဓာတ်ဆီ၊ဒီဇယ်မှာဈေးငြိမ်နေတယ်လို့သိရပါတယ်။ဒီတစ်ပတ်ပုဂ္ဂလိကဆိုင်မှာရောင်းချနေတဲ့ တစ်ဂါလန်ဈေးနှုန်းများမှာဓာတ်ဆီတစ်ဂါလန် ၃၀ဝဝကျပ်၊ ဒီဇယ်တစ်ဂါလံ ၂၉၀ဝ ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ပြင်ပ လက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၃၁၀ဝ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၀ဝဝကျပ်နဲ့အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။                                                                                             

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General