ဆန်သစ်ဝင်ရောက်လာပြီး ဆန်ဟောင်းပုံမှန်အရောင်းအဝယ်ရှိ

ယခုတစ်ပတ် ရန်ကုန်မြို့ ဝါးတန်းကုန်စည်ဒိုင်မှာဆန် ချောရောဆန်ကြမ်းပါ ဈေးအတက်အကျမရှိဘဲ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းထိပ်စဆန် တစ်အိတ်ကျပ် ၃၆၀ဝဝ နဲ့လတ်စဆန်တစ်အိတ်ကျပ် ၃၃၀ဝဝ၊ ပုသိမ်/မြောင်းမြ ပေါ်ဆန်း ထိပ်စဆန် တစ်အိတ်ကျပ် ၃၆၅၀ဝ နဲ့ လတ်စတစ်အိတ်ကျပ် ၃၃၀ဝဝ၊ နယ်စုံ ကျိုက်လတ်ပေါ်ဆန်း ထိပ်စ ဆန်တစ်အိတ် ကျပ်၃၂၀ဝဝ နဲ့ လတ်စ
တစ်အိတ်ကျပ်၂၉၀ဝဝ၊ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်ကျပ်၄၃၀ဝဝမှ၄၅၅၀ဝနဲ့ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပါတယ်။ဧည့်မထဆန်ထိပ်စတစ်အိတ်ကျပ် ၁၈၅၀ဝနဲ့ လတ်စတစ်အိတ်လျှင်ကျပ် ၁၇၅၀ဝ၊ နွေသီးထပ်ရှယ်တစ်အိတ်လျှင် ကျပ်၁၇၀ဝဝမှ ကျပ်၁၇၅၀ဝ၊ နွေဆန်ရက် ၉၀ တစ်အိတ် လျှင် ကျပ်၁၉၅၀ဝမှ၂၁၀ဝဝ၊ မနောသုခ တစ်အိတ်လျှင်ကျပ် ၂၃၀ဝဝ မှ ၂၄၀ဝဝ၊ အိတ်စပို့ဧည့်မထ ၂၅ မှတ် တစ်အိတ်လျှင်ကျပ် ၁၄၅၀ဝ မှ ၁၅၂၀ဝ နဲ့
ယခင်တစ်ပတ်ဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ဆန်ချောရော ဆန်ကြမ်းပါ အသစ်ပေါ်လာပြီဖြစ်တဲ့အတွက် ကုန်စည်ဒိုင်သို့လည်း ဝင်ရောက်လာပြီဖြစ်ကြောင်း၊ဆန်ဟောင်းကတော့အဝင်ပုံမှန်နဲ့အရောင်းအဝယ်လည်းပုံမှန်ရှိကြောင်း၊ဆန်သစ်ပေါ်လာသော်လည်းဆန်ကြမ်းဈေးကတော့ ကျရိပ်မရှိကြောင်း၊အသစ်အဝင်နည်းသေးပြီးအဟောင်းသာအဝင်များကြောင်း၊အသစ်ဝင်လာတာများလာရင်တော့ဈေးကျလာနိုင်ကြောင်း၊အိတ်စပိ ုဆန်ကတော့အဝယ်လိုက်တာနဲ့
တစ်ပြိုင်နက်ဆန်ကြမ်းဈေး တက်သွားနိုင်ကြောင်း၊ ဆန်ချောကတော့ အိတ်စပို့အဝယ် နည်းတဲ့အတွက်ဈေးနှုန်အတက်အကျသိပ်မမြန်နိုင်ကြောင်း ဝါးတန်းဆန်ဈေးကွက်မှ သိရှိရပါတယ်။မူဆယ်ဆန်ဈေးကွက်မှာတော့ဆန်ဈေးနှုန်းငြိမ်နေပေမယ့် အရောင်းအဝယ်က  တစ်ဖက်နိုင်ငံဝယ်လိုအားရှိ တာကြောင့် ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှုများလာကြောင်း သိရှိရပါတယ်။ ဆန်ဈေးနှုန်းမှာ ဧည့်မထမှော်ဘီနဲ့ စူပါတစ်အိတ် ယွမ် ၁၂၀ မှ ၁၂၃ ယွမ်၊ဧည့်မထ ၁၀ မှတ် မှော်ဘီနဲ့ စူပါတစ်အိတ် ၁၁၇ ယွမ်မှ  ၁၁၉ ယွမ်၊ ဧည့်မထ ၁၅ မှတ် မှော်ဘီတစ်အိတ် ယွမ် ၁၁၀ မှ ၁၁၂ ယွမ်၊ ဧည့်မထ ၂၅ မှတ် မှော်ဘီတစ်အိတ် ၁၂၂ ယွမ်မှ ၁၂၄ ယွမ်၊ ငစိန် ၅ မှတ် တစ် အိတ် ၁၁၇ ယွမ်မှ ယွမ်၁၂၀၊ ငစိန် ၁၅ မှတ် တစ်အိတ် ၁၀၈ ယွမ်မှ ၁၁၂ ယွမ်၊ ငစိန် ၂၅ မှတ် တစ်အိတ် ၁၁၄ ယွမ်မှ ၁၁၆ယွမ်နဲ့  ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပါတယ်။ပြည်တွင်း နယ်စုံမှ မူဆယ်သို့ဆန်အဝင်မှာနိုဝင်ဘာ ၃ရက်မှ ၉ရက်အထိ ဆန်တန်ချိန်၁၄၀၅၃ ရှိပြီး ယခင်တစ်ပတ်ထက် ၈၈၀၆တန် ပိုမိုဝင်ရောက်ခဲ့ပါတယ်။ တစ်ဖက်နိုင်ငံရဲ့ဝယ်လိုအားရှိလာတာကြောင့်ဆန်ဈေးကွက်ပြန်ဦးမော့လာတယ်ဆိုရပါမယ်။နိုဝင်ဘာ၁၁ရက်ရဲ့ငွေလဲနှုန်းအရ၁ယွမ်ကို၁၈၈ကျပ်ဈေးပေါက််ကြောင်းသိရှိရပါတယ်။ ယဉ်ယဉ်အေး
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General