တရုတ်နိုင်ငံမှ ဝယ်လိုအားကောင်းလာတဲ့အတွက် ဆန်နဲ့ဆန်ကွဲပိုမို ဝယ်ယူလာ

အောက်တိုဘာ ၂၉ ရက်မှ  နိုဝင်ဘာ ၄ ရက် အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၆၃ သန်းတန်ဖိုးရှိ ဆန် ၁၃၃၀၅ တန်ကျော်တင်ပို့ခဲ့ရာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၈၅၆ တန်ခန့်နဲ့ ဧည့်မထဆန် ၆၃၀၃ တန်ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန်၅၇၁ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၅၅၇၅ တန် ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၇၇၀၅တန်တင်ပို့ ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန် ၅၆၀ဝ ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။ မူဆယ်နဲ့လွယ်ဂျယ်မှ ဆန်သာမက အမေရိကန်ဒေါ်လာသုညဒသမ ၉၁၁သန်းတန်ဖိုးရှိဆန်ကွဲ ၂၈၇၁ တန်တင်ပို့ ခဲ့ပါတယ်။ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲ၁၃၂၀ တန်ခန့်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ  ဆန်ကွဲ ၁၅၅၁တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ဆန်ကွဲ ၂၁၇၂ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ  ၆၉၉တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။တရုတ်နိုင်ငံဘက်မှဝယ်လိုအားကောင်းလာမှုကြောင့်ဆန်နဲ့ဆန်ကွဲပိုမိုတင်ပို့လာခြင်းဖြစ်ပါတယ်။ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၁ ဒသမဝ၃၁ သန်းတန်ဖိုးရှိ ဆန်ဖြူနဲ့ပေါင်းဆန်တန် ၂၈၂၀ တင်ပို့ခဲ့ရာ စင်ကာပူနိုင်ငံသို့ ဧည့်မထဆန် ၂၂၅ တန်၊ တရုတ်နိုင်ငံသို့ ဧည့်မထဆန် တန် ၅၀ဝ၊ အီးယူနိုင်ငံများသို့ ဧည့်မထဆန် ၅၉၅ တန်နဲ့  ပေါင်းဆန်တန် ၅၀ဝ ၊ ဆွစ်ဇာလနနိုင်ငံသို့ ဧည့်မထဆန်တန် ၁၀ဝဝ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၃၆၄၆ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၈၂၆ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ဆန်အပြင် အမေရိကန်ဒေါ် လာ ၁ ဒသမ ၇၅၂ သန်းတန်ဖိုးရှိ ဆန်ကွဲ ၆၄၂၁တန်တင်ပို့ခဲ့ပါတယ်။ ဆန်ကွဲကို တရုတ်နိုင်ငံသို့ ၄၆တန်၊ စင်ကာပူနိုင်ငံသို့ ၂၅ တန်နဲ့ဘူလ်ဂေးရီးယားနိုင်ငံသို့ တန် ၆၃၅၀ တင်ပို့ခဲ့ ပြီး ယခင်တစ်ပတ်က ၇၂၇၅ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ် ပတ်မှာ ၈၅၄တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၀၅ ဒသမ ၂၃၈ သန်းတန်ဖိုးရှိ ဆန်နဲ့ဆန်ကွဲ စုစုပေါင်း ၅၉၇၃၃၂ တန်တင်ပို့ထားတဲ့အနက်    ဆန် ၄၃၆၄၄၉တန်နဲ့ဆန်ကွဲ ၁၆၀၈၈၃ တန်တင်ပို့ထားပါတယ်။ ယမန်နှစ်ကာလတူထက် ဆန်တင်ပို့မှု ၁၁၇၂၆၃ တန်နဲ့ ဆန်ကွဲတင်ပို့မှု ၈၃၁၀၆ တန် လျော့နည်းကြောင်း သိရှိရပါတယ်။                    ယဉ်ယဉ်အေး
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General