မြောင်းမြမြို့ နယ်တွင် ကောက်စောစပါးများ ဈေးကွက်သို့ ဝင်ရောက်

မြောင်းမြမြို့နယ်တွင် ၂၀၁၆/၂၀၁၇ ခုနှစ်မိုးစပါး စိုက် ပျိုးပြီးဧက ၁၆၄၈၄၀ စိုက်ပျိုးနိုင်ခဲ့ပြီး အောက်တိုဘာ တတိယပတ်မှစ၍ ကောက်စောစပါးများ ဈေးကွက်အတွင်း ဝင်ရောက်ခဲ့ပါတယ်။ မနောသုခစပါး၊ ဆင်းသုခစပါးရောင်း ဝယ်လျက်ရှိရာ ဆန်စက်ပိုင်ရှင်များက အစိုဓာတ် ၁၄ ရာခိုင် နှုန်း၊ ၁၅ ရာခိုင် နှုန်းရှိသော စပါးများကို ပေါင် ၅၀ စပါးတင်း ၁၀ဝ လျှင် ကျပ် ၄၄၀ဝဝဝ မှ ကျပ် ၄၅၀ဝဝဝ အထိ ဝယ်ယူ လျက်ရှိပါတယ်။
မြောင်းမြမြို့နယ်  ကံကြီးကျေးရွာတွင် မိုးစပါးစိုက်ပျိုး ထားသည့် တောင်သူ ဦးစိုးမြင့်နှင့်တွေ့ဆုံရာ မိုးစပါးစိုက်ဧက ၂၀ တွင် ဆင်းသုခ၊ မနောသုခ၊ မျိုးပွားစပါးများ စိုက်ခဲ့ရာ ယခုအခါ မနောသုခ၊ ဆင်းသုခစပါးများရိတ်သိမ်းနေပြီး တစ်ဧကလျှင် အစို ၇၅ တင်းမှ တင်း ၈၀ အထိထွက်ရှိပြီး ယခုစပါး ဈေးနှုန်းမှာ စပါးအရည်အသွေးပေါ်မူတည်ပြီး ပေါင် ၅၀ တင်း ၁၀ဝ လျှင် ကျပ်  ၄၃၀ဝဝဝ မှ ကျပ် ၄၅၀ဝဝဝ အထိဈေး နှုန်းရှိ၍  ယခင်နှစ်ဈေးနှုန်းထက်  နည်းနေသေးကြောင်း၊ဦးစိုးမြင့်၏ ပြောပြချက်အရ သိရှိရပါတယ်။ ကျုံဝါးကျေးရွာမှ တောင်သူဦးသိန်းဦးက မိုးစပါးစိုက်ဧက ၁၄ ဧကတွင်  ဆင်း သုခ၊ မနောသုခ စပါးများစိုက်ပျိုးခဲ့ရာ တစ်ဧကအထွက်တင်း ၇၀ မှ ၈၀ တင်းခန့်ထွက်ရှိကြောင်းသိရပါ
တယ်။
ယခုစပါးဈေးနှုန်း မှာ ကျပ် ၄၅၀ဝဝဝ ဝန်းကျင်ရှိ၍ တောင်သူများ တွက်ချေကိုက်မှုရှိသော်လည်း စပါးဈေးကျပ် ၄၀ဝဝဝဝ အောက် ကျဆင်းပါကနွေစပါးစိုက်ရာတွင်ကုန်ကျစရိတ်အခက်အခဲရှိနိုင်ကြောင်းဦးစိုးမြင့်ကပြောကြားခဲ့ပါတယ်။                                                                              ဇော်မင်း-မြောင်းမြ

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General