မြေပဲဆန် အဝင်ရှိပြီး ဝယ်လက်ပျောက်

 ယခုတစ်ပတ် ပြည်ဈေးကွက်တွင်    မြေပဲဆန်ဈေး အနည်းငယ်ကျလာတာ တွေ့ရပါတယ်။ မြန်အောင်၊ ပေါက် ခေါင်း နှင့် ဝက်ထီးကန် ဘက်မှ တစ်နေ့လျှင် မြေပဲဆန်အိတ် ၈၀ဝ-၉၀ဝခန့် ဝင်ရောက်လာသော်လည်း ဝယ်လက် အဝယ်ပျောက်သဖြင့် ဈေးကွက်တွင် ပဲဆန်ဈေးကျလာတာတွေ့ရ ပါတယ်။ ယခင်နှစ်ကထွက်ရှိတဲ့ မြေပဲဆန်ဈေးမှာယခုနှစ်ထက်စာလျှင်ဈေးမြင့်တက်ခဲ့တာတွေ့ရပါတယ်။ ယခင်နှစ်တွင်အဝင်နည်းပြီးဝယ်လက်များအဝယ်ရှိသဖြင့်ဈေးမြင့်တက်လာတာဖြစ်ပါတယ်။ယခင်နှစ်ယခုလိုအချိန်တွင်မြေပဲဆန်ဈေးမှာ မြေပဲဆီဆန် တစ်ပိသာလျှင် ကျပ် ၂၁၀ဝ နှင့် လုံးဆန် တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ ဖြင့် ဈေးမြင့်ခဲ့တာ တွေ့ရပါတယ်။ ယခုတစ်ပတ်တွင် မြေပဲဆန်ဈေးမှာ မြေပဲဆီဆန်တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ ဖြင့် ယခင်နှစ်ထက်စာလျှင် ကျပ၇၀ဝ ဈေးလျှော့သွားပြီး လုံးဆန်ဈေးမှာ အဖြူ တစ်ပိသာလျှင်ကျပ် ၁၈၅၀ ၊ အနီ တစ်ပိသာလျှင် ကျပ် ၂၁၀ဝ ဖြင့် ယခင်နှစ်ထက်စာလျှင် ဈေး ကျလာတာကို တွေ့ရပါတယ်။ ဝေဝေမင်း
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General