ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးH. E. Mr. Ehsan Ullah Batth ဦးဆောင်သည့် National Management College မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် သည် နိုဝင်ဘာလ ၁ ရက်က မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး ံ.H. E. Mr. Ehsan Ullah Batthဦးဆောင်သည့် NationalManagement College မှ ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။တွေ့ဆုံဆွေးနွေးရာတွင်  ပြည်ထောင်စု ဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့်ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး၊ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူအကာအကွယ်ပေးရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍနှင့် အသေးစား အလတ်စားလုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက်စေရန် နည်း ပညာနှင့် ရင်းနှီးမြှုပ်နှံမှုများလိုအပ်ကြောင်း၊မြန်မာနိုင်ငံသည်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်ရန်အတွက်အခွင့်အလမ်းများရှိကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များအား ကြိုဆိုလျက်ရှိကြောင်း နှင့် မြန်မာ - ပါကစ္စတန်နှစ်နိုင်ငံ ဆက်ဆံရေးပိုမိုခိုင်မာစေရန် တည်ဆောက်သွား လိုကြောင်းပြောကြားသည်။ဆက်လက်၍မြန်မာနိုင်ငံဆိုင်ရာပါကစ္စတန်သံအမတ်ကြီးH. E. Mr. Ehsan Ullah Batth မှ မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းသော နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်ကြုံတွေ့နေရသောစိန်ခေါ်မှုများကဲ့သို့မိမိတို့နိုင်ငံတွင်လည်းကြုံတွေ့နေရကြောင်း၊နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ွသသိ ွသလနမညညေခန သည်အဓိကကျသလိုငြိမ်းချမ်းရေးသည်လည်းအရေးပါကြောင်းနှင့်မြန်မာပါကစ္စတန်ကုန်သွယ်မှုတိုးတက်ရေးပူးပေါင်းဆောင်ရွက်လိုကြောင်း ဆွေးနွေးခဲ့သည်။အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
  MOC (HR)

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General