တမူးကုန်သွယ်ရေးစခန်းရဲ့ စက်တင်ဘာ ကုန်သွယ်မှု လျာထားချက်ထက် ကျော်လွင်္န

တမူး ကုန်သွယ်ရေးစခန်းရဲ့  စက်တင်ဘာအတွက် လျာထားချက်မှာ ပို့ကုန် အမေရိကန်ဒေါ်လာ သုံးသန်း၊ သွင်း ကုန် အမေရိကန်ဒေါ်လာ တစ်သန်း ရှိခဲ့ရာ စုစုပေါင်း ကုန် သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ လေးသန်း ဖြစ်ပါတယ်။ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၄ ဒသမ ဝ၃၃ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ သုည ဒသမ ၅၅၉ သန်းထိ ရရှိအောင် ဆောင်ရွက်နိုင်တဲ့အတွက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၉၂သန်း ဆောင်ရွက်ခဲ့ပါတယ်။ ကုန်သွယ်မှု လျာထားချက်ထက် ကျော် လွန်ဆောင်ရွက်နိုင်ခြင်းမှာ ၁၁၄ ဒသမ ၈၀ ရာခိုင်နှုန်း ဖြစ်တဲ့ အတွက် တမူးကုန်သွယ်ရေး စခန်းအနေဖြင့် လျာထားချက် ကျော်လွန်အောင် ဆောင်ရွက်ခဲ့ပါတယ်။တမူး ကုန်သွယ်ရေးစခန်းရဲ့ စက်တင်ဘာ ကုန်သွယ်မှု ကို အနီးစပ်ဆုံး ကာလနဲ့ နှိုင်းယှဉ်ပါက ပို့ကုန် အမေရိကန် ဒေါ်လာ သုညဒသမ ၁၇၄၂ သန်း လျော့နည်းခဲ့သော်လည်း ယမန်နှစ် ကာလတူနဲ့ နှိုင်းယှဉ်ပါက ပို့ကုန် အမေရိကန်
ဒေါ်လာ ၂ ဒသမ ၁၅၅၅ သန်း ပိုမိုတာတွေ့ရပြီး သွင်းကုန် အနေဖြင့်လည်း ယမန်နှစ် ကာလတူအောက် သွင်းကုန် အမေ ရိကန်ဒေါ်လာ သုညဒသမ ၁၅၉၀သန်း လျော့နည်းခဲ့သော် လည်း အနီးစပ်ဆုံး ကာလထက် အမေရိကန်ဒေါ်လာသုည ဒသမ ၁၂၃၉ သန်း ပိုမိုခဲ့တယ်လို့ ကုန်သွယ်ရေးစခန်းမှ သိရ ပါတယ်။တမူးကုန်သွယ်ရေးစခန်းက စက်တင်ဘာအတွင်းမှာ လျာထားချက် ကျော်လွန်အောင် ဆောင်ရွက်နိုင်ခြင်းမှာ လစဉ် ကုန်သွယ်မှု လျာထားချက် ပြည့်မီရေးအတွက် ကုန် သွယ်ရေးဦးစီးဌာန (ရုံးချုပ်)ရဲ့ ညွှန်ကြားချက်နဲ့အညီ ခရိုင်စီမံခန့်ခွဲမှု ကော်မတီ၏ အနီးကပ် ပူးပေါင်းကြီးကြပ် ပံ့ပိုး မှုနှင့် ဒေသရှိ  ဆက်စပ်ဌာနဆိုင်ရာများ OSSဌာနများနဲ့ ကလေး-တမူး- ကလေးဝ နယ်စပ် ကုန်သည်များအသင်း ကုမ္ပဏီ လုပ်ငန်းရှင်များနဲ့ ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်တယ်လို့  သတင်း ရရှိပါတယ်။
     ခင်မိုးသူ

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General