ကြီးကြပ်ဆောင်ရွက်မှုများကြောင့် မိုင်းယု ဒေသတွင် တရားမဝင် ကုန်သွယ်မှုများ လျော့နည်းလျက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင် ရောင်းချရာ၌ ကုန်ပစ္စည်းများတရားမဝင်သယ်ဆောင်မှုမရှိစေရေး အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်ညွှန် ကြားမှုဖြင့် ဩဂုတ်မှစ၍ ကြီး ကြပ်ရေး အဖွဲ့များဖွဲ့စည်း ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ မိုင်းတုံ၊မိုင်းဆတ် နှင့် တာလေ၊ ကျိုင်းလပ် ဒေသများတွင် စိုက်ပျိုးထွက်ရှိသော ရော်ဘာနှင့်စပါး များအား မိုင်းယုဒေသမှ တစ်ဆင့် ယခင်က တရားမဝင် တင်ပို့လျက်ရှိခဲ့ ရာမှ ယခုအခါ၂၀၁၆ ဩဂုတ်လ ၂၈ ရက်မှစ၍ ပြည်နယ်အစိုးရ အစီအစဉ် ဖြင့် ဌာနစုံကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း ကာ မိုင်းယုတံတားမှနေ၍ ပစ္စည်းဝင်။ထွက်မှုများအား တားဆီး ဆောင်ရွက် လျက်ရှိသဖြင့် မိုင်းယုမှ တရားမဝင် သွားလာမှုများလျော့နည်းသွားပြီဖြစ် ကြောင်း သိရသည်။ ယခုအခါ တစ်သျှူး ငှက်ပျောနှင့် ရော်ဘာစေးတို့အား မိုင်းယုရှိ ကုန်သည်များက ပို့ကုန်လိုင်စင် လျှောက်ထား၍  တရားဝင်  တင်ပို့ လျက်ရှိသည့်အပြင် ဘိလပ်မြေများကို လည်းသွင်းကုန်လိုင်စင်များဖြင့် ပြန် လည်တင်သွင်းလျက်ရှိကြောင်း သတင်း ရရှိပါသည်။              အေးမြင့်
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General