မယ်စဲ့နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းစတင်ဖွင့်လှစ်

ဘောလခဲခရိုင်၊ မယ်စဲ့နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၇ ရက်က မယ်စဲ့နယ်စပ်ကုန်သွယ် ရေးစခန်း ကုန်စစ်စင်ရှေ့တွင်ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန် ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနဝန်ကြီး၊ စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့်ပြည်နယ်အဆင့်သက်ဆိုင်ရာဌာနများမှတာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပါတယ်။အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကယားပြည်နယ်ဟာ  သဘာဝအရင်းအမြစ်များ ပြွေါကယ်ဝတဲ့အတွက်စီးပွားရေး အခွင့်အလမ်းကောင်းမွန်ပါကြောင်း၊မြန်မာနိုင်ငံနဲ့ ဒုတိယ နယ်စပ်ကုန်သွယ်မှုအများဆုံးမှာ ထိုင်းနိုင်ငံဖြစ်တဲ့ အတွက် သူတို့နိုင်ငံရဲ့ဈေးကွက်ကိုလည်းဆုပ်ကိုင်နိုင်ဖို့အရေးကြီးပါ ကြောင်း၊ ယခင်အစိုးရလက်ထက်ကတည်းက နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းဖွင့်လှစ်ရန် ဆောင်ရွက်ခဲ့တဲ့ ဒေသဖြစ်ပါကြောင်း၊ ယခု အစိုးရသစ်လက်ထက်မှာ တနင်္သာရီတိုင်းဒေသကြီးက မောတောင်နှင့် ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းလိုပဲ နှစ်နိုင်ငံMOU လက်မှတ်ရေး ထိုးခြင်း မရှိဘဲ မိမိတို့ဘက်ခြမ်းက
နိုင်ငံတော်နဲ့ ပြည်နယ်အခွန်ရရှိ ဖို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်နိုင်ရေးကို အစဉ်တစိုက်ကြိုးစား လာခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်းမှ လုပ်ငန်းရှင်များ တရားဝင် ကုန်သွယ်မှုလမ်းကြောင်းနဲ့ ဆောင်ရွက်နိုင်ဖို့အတွက်မိမိတို့ပြည်နယ် အစိုးရမှယခုလို စီစဉ်ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။မယ်စဲ့ကုန်သွယ်ရေးလမ်း ကြောင်းသည် ထိုင်းနိုင်ငံနှင့် ထိစပ်နေ သည့် လမ်းကြောင်း တစ်ခုဖြစ်ရာ ယခုကဲ့သို့ နယ်စပ်ကုန်သွယ်မှု လမ်း ကြောင်းအားတရားဝင်ဖွင့်လှစ်လိုက်တဲ့အတွက် ထိုင်းနိုင်ငံနှင့်ကုန်သွယ် မှုပြုရာတွင် ကုန်သွယ်မှု အခွင့်အလမ်းများ ပိုမိုတိုးတက်များပြားလာနိုင်မှာ ဖြစ်ပါတယ်။  
မြို့ရီ(ကယား

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General