မြေဩဇာတန်ချိန် ၁၄၀ဝဝကျော်တင်သွင်း

အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက် အထိသီတင်းပတ်အတွင်း ကန်ဒေါ်လာ ၃၉၆၇၉၄၀ တန်ဖိုးရှိ မြေဩဇာ ၁၄၅၉၂ ဒသမ ၂၂၄ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ကနေဒါ နိုင်ငံမှ တန်ချိန် ၅၀ဝ၊ တရုတ်နိုင်ငံမှ ၇၉၇၇ ဒသမ ၅၄၄ တန်၊ ကိုရီးယားနိုင်ငံမှ ၂၃ ဒသမ ဝ၄ တန်၊ ရုရှား နိုင်ငံမှ ၁၄၂၇ ဒသမ ၃၅ တန်၊ စင်ကာပူမှ ၁၃၅၉ ဒသမ ၆၅ တန်၊ ထိုင်းနိုင်ငံမှ ၁၉၈ ဒသမ ၈၀ တန်၊ ယူကေမှ ၈၁၃ တန်နဲ့ ဗီယက်နမ်မှ ၂၂၉၂ ဒသမ ၈၄ တန်တင်သွင်း ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာတရုတ်နိုင်ငံနဲ့ဗီယက်နမ်မှအများဆုံးတင်သွင်းခဲ့တယ်လို့သိရပါတယ်။တင်သွင်းခဲ့တဲ့အမျိုးအစားများမှာပိုတက်၊ဖလော်ရာ၊ကွန်ပေါင်း၊နိုက်တြိုဂျင်၊အမိုးနီးယမ်းဆာလဖိတ်၊ ယူရီးယား( ကောမတ်)၊ အင်န်ပီ ကေ၊ ဆီလီကာနဲ့ ပိုတက်ဆီယမ်တို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်း ပတ်က တင်သွင်းတန်ချိန် ၁၆၈၄၃ နဲ့နှိုင်းယှဉ်ရင်  တန်ချိန် ၂၂၅၀ ကျော် လျော့ နည်းခဲ့ပါတယ်။                                                                     သီတာဝင်း (DOT)

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General