ပြည်တွင်းငွေလဲနှုန်းပြန်လည်မြင့်တက်လာမှုကြောင့်ပြည်တွင်းရွှေဈေး ဆက်လက်မြင့်တက်

ယခုတစ်ပတ်တွင်းပြည်တွင်းငွေလဲနှုန်းများပြန်လည်မြင့်တက်လာမှုကြောင့်ပြည်တွင်းရွှေဈေးများလည်းဆက်လက်မြင့်တက်လာခဲ့ကြောင်း ပြည်တွင်းရွှေဈေး ကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြည်တွင်းရွှေဈေးသည် တစ်ပတ်အတွင်း ကျပ် တစ်သောင်းသုံးထောင်နီးပါးအထိ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ကျပ် ၈၈၀ဝဝဝ သို့ မြင့်တက်ခဲ့သည်။]]ကမ္ဘာ့ရွှေဈေးက မြင့်တက်လာတယ်ဆိုပေမယ့် လဆန်းပိုင်းတုန်းကလို အများကြီး မြင့်တက်လာတာမဟုတ်ပါဘူး။ ပြည်တွင်းမှာ ငွေလဲနှုန်းက မြင့်တက် လာတဲ့အတွက် ပြည်တွင်းရွှေဈေးတွေလည်း မြင့်တက်လာရတာပါ။ ရွှေဈေးတွေ မြင့်တက်လာတော့ အရောင်းတွေ ပြန်ဖြစ်လာတယ်။ ဒုံးသမားတွေ အလုပ်ဖြစ်ကုန် တာပေါ့။ ဈေးအနိမ့်နဲ့ ဝယ်ထားတဲ့ဒုံးသမားတွေ အခုဈေးပြန်တက်လာတော့ တော် တော်လေးကို အမြတ်ရကုန်ကြတယ်။ အထည်ပိုင်းကတော့ ပုံမှန်လေးပဲ အရောင်း အဝယ်ဖြစ်ပါတယ်}}ဟု ရွှေကုန်သည်ဦးစံမြင့်က ဆိုသည်။ပြည်တွင်းရွှေဈေးကွက်တွင် အောက်တိုဘာ ၂၄ ရက်ကအခေါက်ရွှေ တစ်ကျပ်သားလျှင်ကျပ်၈၆၇၀ဝဝရှိခဲ့ရာမှအောက်တိုဘာ၂၆ရက်တွင်ကျပ်၈၈၀ဝဝဝသို့မြင့်တက်လာခဲ့သည်။အောက်တိုဘာ၂၈ရက်တွင်ကျပ်၈၇၈၀ဝဝသို့ဈေးပြန်လည်ကျဆင်းလာခဲ့သည်။ကမ္ဘာ့ရွှေဈေးကွက်တွင် တစ်အောင်စလျှင် အောက်တိုဘာ ၂၄ ရက်က ၁၂၆၄ ဒေါ်လာရှိခဲ့ရာအောက်တိုဘာ ၂၆ရက်တွင် ၁၂၇၅ဒေါ်လာရှိခဲ့ပြီး အောက်တိုဘာ ၂၈ ရက်တွင်  ၁၂၇၁ ဒေါ်လာရှိခဲ့သည်။
မယ်သီတာ

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General