ပြည်ပွဲရုံများသို့ ကြက်သွန်ဖြူအိတ်များ ပုံမှန်ဝင်ရောက်လျက်ရှိ


အောက်တိုဘာနောက်ဆုံးပတ်အတွင်း ကြက်သွန်ဖြူ ပွဲရုံများ တွင် ကြက်သွန် ဖြူအိတ်များ  အမျိုးအစား အရွယ်စုံ (အစ) စုံ ဝင်ရောက်နေပြီး ဈေးနှုန်းလည်း အနည်းငယ်ကျလာတာ  တွေ့ရပါတယ်။  အရောင်းအဝယ်မှာလည်းနေ့စဉ်ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ယခုတစ်ပတ် ပြည်ပွဲရုံဈေးတွင် ကြက်သွန်ဖြူတစ်ပိဿာလျှင် (ရှမ်းစ) လက် ကားဈေး ကျပ် ၃၇၀ဝ၊ (ကြူကုတ်စ) ကျပ် ၄၃၀ဝ ဈေးရှိနေပါတယ်။ လက်လီတစ် ပိဿာဈေးကတော့ (ရှမ်းစ)ကျပ် ၄၃၀ဝ နှင့်  (ကြူကုတ်) ကျပ် ၄၆၀ဝ ဈေးတို့နဲ့ အရောင်းအဝယ် ပုံမှန်ဖြစ်နေတာကြောင့် ဈေးအတက်မှာမရှိဘဲ ပွဲရုံဈေးတစ်ပိဿာ ပေါ်တွင် ကျပ် ၁၀ဝ ဈေးကျလာတာ တွေ့ရပါတယ်။ လက်လီဈေးကတော့  မကျဘဲယခင်တစ်ပတ်အတိုင်းသာ ရောင်းချလျက်ရှိပါတယ်။ တစ်ရက်လျှင် ကြက်သွန်ဖြူ အိတ် ၂၀ဝ ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။
နီနီဝင်း

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General