ရှမ်းချင်းပြည်ပဝယ်လက်မရှိသေးပေမယ့် အရောင်းအဝယ်ပုံမှန်ရှိ


ဒီတစ်ပတ် အောင်ပန်းဈေးကွက် မှာ ချင်းပုံမှန်ဝင်ရောက်နေပါတယ်။ နောက်လဆိုရင် ချင်းအသစ်တွေကိုစပြီး ဖော်ကြတော့မှာဖြစ်လို့   ချင်းအသစ်တွေလည်းဈေးကွက်ကိုဝင်လာတော့မယ်လို့လည်းသိရပါတယ်။အခုအချိန်ထိချင်းအရောင်းအဝယ်ခပ်မှန်မှန်သာရှိနေပါတယ်။ ဒီနှစ်က ပြည်တွင်းဈေး ကွက်ကိုပဲ  အားကိုးနေရတယ်။ ပြည်ပ ဝယ်လက်ကတော့ အခုချိန်အထိ မရှိ သေးပါဘူး။ လွန်ခဲ့တဲ့သုံးနှစ်က တရုတ် ဝယ်လက်တွေက     ဝယ်ယူခဲ့ပေမယ့်နောက်နှစ်တွေမှာ  အဝယ်ရပ်သွားပါ တယ်။ ဒေသခံကုန်သည်တွေကတော့  တရုတ်ဝယ်လက်တွေကဝယ်ယူနိုင်တယ်လို့ခန့်မှန်းကြပါတယ်။တရုတ်ဝယ်လက်တွေကနှစ်နှစ်ခြားတစ်ကြိမ်ဝယ်ယူလေ့ရှိတယ်လို့လည်း  ပြောပါတယ်။ ဒီနှစ်ထွက်  ချင်းတွေကိုတော့ ပည်ပဝယ်လက်တွေက  ပြန်ပြီးစိတ် ဝင်စားတာနဲ့   အမေးရှိလာတယ်လို့ လည်း သိရပါတယ်။ ဒီတစ်ပတ်အောင် ပန်းဈေးကွက်မှာ ချင်းတစ်ပိဿာပေါက် ဈေးမှာ  (ညံ့စ) က ၃၅၀ကျပ်၊(လတ်စ)က ကျပ် ၄၀ဝ (ထိပ်စ) ကကျပ်  ၅၀ဝ ဈေးရှိပါတယ်။ချင်းခြောက်ကတော့တစ်ပိဿာကျပ်၁၇၀ဝ၁၈၀ဝဈေးပေါက်နေပါတယဟိုပုံးချင်းဈေးကွက်မှာတော့ချင်းမရှိတော့ပါဘူး။အောင်ပန်းချင်းထက်နောက်ကျမှဖော်မှာဖြစ်တာကြောင့် ဟိုပုံးချင်းက ၂၀၁၇ ခုနှစ်  ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလောက်မှာ  ဈေးကွက်ကို ဝင်လာမှာလို့ သိရပါတယ်။
ဧခိုင်-တောင်ကြီး

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General