ပြည်ကြက်သွန်နီသိသိသာသာဈေးမြင့်


ပြည်ကြက်သွန်နီဈေးကွက်အတွင်း ယခုတစ်ပတ်တွင်ဈေးနှုန်းများ သိသိသာ သာ မြင့်တက်သွားတဲ့အတွက် ဝယ်ယူသိုလှောင်ရောင်းချသူ၊ ကုန်သည်ပွဲစားများ အနေနဲ့ တွက်ခြေကိုက်၍ စိတ်ကျေနပ်မှုရှိနေကြောင်းသိရှိရပါတယ်။  စားသုံးသူ ဘက်မှာတော့ ကြက်သွန်နီဈေးအဆမတန်မြင့်တက်မှုအပေါ်တအံ့တဩဖြစ်ခဲ့ရပြီးယခုကပင်ချွေတာသုံးစွဲနေပြီဖြစ်ကြောင်းသိရှိရပါတယ်။မကွေးမန္တလေးစတဲ့အထက်ဘက်မှထွက်တဲ့ကြက်သွန်နီ
များကို တရုတ်ဘက်မှ ဝယ်လိုအားများ နေပြီး ရန်ကုန်ဘက်သို့ ဝင်ရောက်တဲ့ ကြက်သွန်နီများကို ထိုင်းဘက်မှ ဝယ်လို အားများနေ ကြောင်း သိရှိရပါတယ်။ ဈေးနှုန်း  အဆမတန်မြင့်တက်နေတာကြောင့်ကြက်သွန်နီတင်ပို့မှုကို အကန့် အသတ်များ ပြုလုပ်စေလိုကြောင်း၊ အကန့်အသတ်မရှိပါက  ဈေးနှုန်းမှာ ပို၍အဆ မတန်မြင့်တက်လာနိုင်ကြောင်း ကုန်သည်တစ်ဦးက သုံးသပ် ပြောကြားကြောင်း သိရှိရပါတယ်။
ဈေးနှုန်းအနေနဲ့ ပြည်ပွဲရုံများ၌ လက်ကားတစ်ပိဿာလျှင် (ကြီး) ၁၅၅၀ ကျပ်၊ (လတ်) ကျပ် ၁၄၀ဝ၊ (သေး) ကျပ်၁၀ဝဝ-၁၂၀ဝတို့ဖြစ်ပြီး လက်လီဈေး အသေးများတွင် (ရှယ်သန့်) ကျပ် ၁၈၀ဝ၊ (ကြီး) ကျပ် ၁၇၀ဝ၊(လတ်)ကျပ်၁၆၀ဝ၊(သေး)ကျပ်၁၄၀ဝ၁၂၀ဝတို့နှင့်ရောင်းဝယ် လျက်ရှိနေတာတွေ့ရပါတယ်။ပွဲရုံလုပ်ငန်းရှင်များနှင့်လက်လီပြန်လည်ရောင်းချသည့်အိတ်ဆွဲဝယ်လက်သမားများမှာယခင်ဈေးအနိမ့်ဖြင့် ဝယ်ယူမှုရှိထားသည့်အတွက်အမြတ်အစွန်းပိုမို ရရှိနေကြောင်း သိရှိရပါတယ်။ ဈေးနှုန်းအဆမတန်မြင့်တက်နေတဲ့အတွက် ဒေသ တွင်းဝယ်လက်များနဲ့ဧရာဝတီတိုင်း၊ရခိုင်ပြည်နယ်တို့သို့တင်ပို့မှုအပါအဝင်တစ်နေ့လျှင်ပိဿာ၃၀ဝင်အိတ်၁၈၀ခန့်သာရှိတာကြောင့်အရောင်းအဝယ်သိသိသာသာနည်းသွားကြောင်းသိရပါတယ်။                                               ဝင်းလဲ့ဝါ(ပြည်)
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General