ဆန်ချောရော ဆန်ကြမ်းပါ ဈေးငြိမ်လျက်ရှိ

ရန်ကုန်မြို့  ဝါးတန်းကုန်စည်ဒိုင် ရဲ့ဆန်လက်ကားဈေးနှုန်းမှာ ယခုသီတင်း ပတ်အတွင်း ဆန်ချောရော ဆန်ကြမ်းပါ ဈေးငြိမ်နေကြောင်းသိရှိရပါတယ်။ ဆန် ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန်  ထိပ်စ တစ်အိတ်  ကျပ် ၃၆၀ဝဝ၊ လတ်စတစ်
အိတ် ကျပ်၃၃၀ဝဝ၊ပုသိမ်၊မြောင်းမြပေါ်ဆန်းဆန်တစ်အိတ်ကျပ်၃၆၅၀ဝ၊လတ်စတစ်အိတ်ကျပ်၃၃၀ဝဝ၊နယ်စုံကျိုက်လတ်ပေါ်ဆန်းဆန်   ထိပ်စ တစ် အိတ်ကျပ် ၃၂၀ဝဝ၊ လတ်စ တစ်အိတ် ကျပ် ၂၉၀ဝဝ၊ရွှေဘိုပေါ်ဆန်းဆန်တစ် အိတ် ကျပ် ၄၃၀ဝဝ မှ ကျပ် ၄၅၅၀ဝ အထိနဲ့   ယခင်တစ်ပတ်အတိုင်းဈေး အတက်အကျမရှိဘဲ ဈေးငြိမ်နေကြောင်း သိရှိရပါတယ်။ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန် မှာ ထိပ်စ တစ်အိတ်  ကျပ် ၁၉၀ဝဝ၊ လတ်စ တစ်အိတ် ကျပ်၁၈၀ဝဝ၊ နွေသီး ထပ်ရှယ်တစ်အိတ် ကျပ် ၁၇၀ဝဝ  မှ ကျပ် ၁၇၅၀ဝ၊ နွေဆန်ရက်    ၉၀ တစ် အိတ်ကျပ် ၁၉၅၀ဝ  မှ ကျပ် ၂၁၀ဝဝ၊ မနောသုခတစ်အိတ်  ကျပ် ၂၃၀ဝဝ မှ ကျပ် ၂၄၀ဝဝ၊ ပြည်ပပို့  အိတ်စပို့ ၂၅ မှတ် ဆန်ထိပ်စတစ်အိတ်ကျပ် ၁၄၅၀ဝ မှ ကျပ် ၁၅၂၀ဝ နဲ့ ဈေးငြိမ်နေပါတယ်။ ကုန်စည်ဒိုင်ကိုဆန်ဝင်ရောက်မှုပုံမှန်ရှိကြောင်းနဲ့အရောင်းအဝယ်လည်းပုံမှန်ရှိကြောင်းသိရပါတယ်။ဆန်သစ်များလည်းဈေးကွက်အတွင်းဝင်ရောက်လာနေပြီလို့ဝါးတန်းဆန်ဈေးကွက်မှသိရှိရပါတယ်။မူဆယ်ဆန်ဈေးကွက်မှာ အောက် တိုဘာ ၂၇ ရက်ဈေးနှုန်းအရ ဧည့်မထ ၅ မှတ် မှော်ဘီနဲ့  စူပါတစ်အိတ် ၁၂၄ ယွမ်မှ ၁၂၆ ယွမ်၊ ဧည့်မထ ၁၀ မှတ် မှော်ဘီနဲ့ စူပါတစ်အိတ်ယွမ် ၁၂၀ မှ ၁၂၂ ယွမ်၊ ဧည့်မထ ၁၅ မှတ် မှော်ဘီ တစ်အိတ် ၁၁၈ ယွမ်မှ ၁၁၉ ယွမ်၊ ဧည့်မထ ၂၅ မှတ် မှော်ဘီတစ်အိတ် ၁၁၄ ယွမ်မှ ၁၁၇ ယွမ်၊   ငစိန် ၅ မှတ် တစ်အိတ် ၁၂၄  ယွမ်မှ ၁၂၅ ယွမ်၊ ငစိန် ၁၅ မှတ် တစ်အိတ် ၁၂၁
ယွမ်မှ၁၂၃ ယွမ်၊ ငစိန် ၂၅ မှတ်  တစ်အိတ် ၁၁၆ ယွမ်မှ ၁၁၈ ယွမ်ဈေးရှိပြီး ယခင်တစ် ပတ်ဈေးထက် တစ်အိတ်ကို ၂ ယွမ်မှ ၄ ယွမ်အထိ ဈေးကျသွားကြောင်း သိရှိ ရပါတယ်။မူဆယ်သို့မြို့တွင်းနယ်စုံမှ ဆန် ဝင်ရောက်မှုမှာ   အောက်တိုဘာ ၁၁ ရက်မှ ၂၆ ရက်အတွင်းဆန်တန်ချိန်၂၇၈၇တန်ဝင်ရောက်မှုရှိကြောင်းသိရှိရပါတယ်။အရောင်းအဝယ်ပါးတဲ့အတွက်ဆန်အဝင်နည်းပြီးဈေးလည်းကျခြင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံကို နယ်စပ်စခန်းများမှ တင်ပို့မှုနည်းပြီး ပင် လယ်ရေကြောင်းမှ တင်ပို့မှုများလာတာ တွေ့ရပါတယ်။   
အောက်တိုဘာ ၂၈ ရက်   ငွေလဲနှုန်းအရ ၁ ယွမ်ကို ကျပ် ၁၉၀ ဈေးပေါက်ကြောင်းသိရှိရပါ တယ်။
ယဉ်ယဉ်အေး

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General