ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် မိုးကောက်စောစပါးများဈေးကွက်သို့ ဝင်ရောက်နေပြီ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ  မြို့နယ်အချို့တွင် ယခုအချိန် မိုးကောက် စောစပါးများဈေးကွက်သို့ဝင်ရောက် လျက်ရှိပြီး  မျိုးစပါးအဖြစ်ဝယ်ယူသူများရှိသလို ဆန်အဖြစ်ကြိတ်ခွဲရောင်းချရန် အနည်းငယ်သာရှိပါတယ်။ ဧည့်မထ မိုးစပါးအသစ်များမှာ နိုဝင်ဘာလကုန် ဒီဇင်ဘာလလောက်မှသာ ဈေးကွက်အတွင်းသို့ လှိုင်လှိုင်ဝင်လာမည်ဖြစ်ပြီး သက်ကြီး စပါးများဖြစ်သော ဧရာဝတီပေါ်ဆန်းနှင့် ရွှေသွယ်၊ မီးကောက်စပါးများမှာ ဒီဇင်ဘာလကုန်လောက်မှသာဈေးကွက်သို့ ဝင်ရောက်လာမှာဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကျောင်းကုန်းမြို့နယ်မှာ အစိုဓာတ် ၁၈ ရာခိုင်နှုန်းပါဝင်သည့် ပခန်းရွှေဝါ စပါး ပေါင် ၅၀ တင်း ၁၀ဝ လျှင်ကျပ် ၄၀ဝဝဝဝ ၊ ဟင်္သာတ မြို့နယ်တွင် အစိုဓာတ် ၂၀  ရာခိုင်နှုန်းအထက် ပါဝင်သည့် ဆင်းသုခစပါး ပေါင် ၅၀ တင်း ၁၀ဝ လျှင်ကျပ် ၃၅၀ဝဝဝ ၊ မြောင်းမြမြို့နယ်တွင် အစိုဓါတ် ၂၀ရာခိုင်နှုန်းအထက် ပါဝင် သည့်  ဆင်းသုခ မျိုးပွားစပါးပေါင် ၅၀၊ တင်း ၁၀ဝ လျှင်ကျပ် ၃၅၀ဝဝဝ၊ညောင်တုန်းမြို့နယ်နှင့် ဓနုဖြူမြို့နယ်များတွင် အစိုဓာတ် ၁၅ ရာခိုင်နှုန်းနှင့် ၁၆ ရာခိုင်နှုန်း ပါဝင်သည့် မနောသုခ၊ ဆင်းသုခစပါး ၅၂ဒသမ၅ ပေါင် တင်း ၁၀ဝ လျှင်ကျပ် ၄၀ဝဝဝဝ ဖြင့် ဈေးကွက်မှာ ရောင်းဝယ်လျက်ရှိပြီးအစိုဓာတ်အနည်း၊ အများနှင့် အရည်အသွေးပေါ် မူတည်၍ ဈေးနှုန်း များ ပြောင်းလဲမှုရှိနိုင်ကြောင်း ဆန်ကုန်သည်တချို့က ပြောပါတယ်။                                         မင်းမင်းဦး(ပုသိမ်)

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General