နို့ဆီတန်ချိန်၂၅၀ နီးပါးနဲ့နို့မှုန့်တန်ချိန် ၄၀ ကျော်ဝင်

အောက်တိုဘာ ၉ရက်မှ ၁၅ ရက် သီတင်းပတ်အတွင်း   ကန်ဒေါ်လာ ၃၁၈၀ဝ၂ တန်ဖိုးရှိ နို့ဆီ ၂၄၈ ဒသမ ၃၄၆ တန် ကိုပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ  တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ င်္ Falcon  တံဆိပ်  သုည ဒသမ ဝ၃၆ တန်နဲ့ ဒွန်းနို့ဆီ ၂၄၈ ဒသမ ၄၀ တန်  တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ်က ဝင်ရောက်ခဲ့တဲ့  ၁၄၆ တန်နဲ့နှိုင်းယှဉ်ရင် တန်ချိန်၁၀ဝ ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ကန်ဒေါ်လာ ၁၈၈၅၀ တန်ဖိုးရှိ နို့မှုန့် ၂၂ ဒသမ ၄၄ တန်ကို ဩစတြေး လျမှ လည်းကောင်း၊  ကန်ဒေါ်လာ ၂၃၇၃၇ တန်ဖိုးရှိ  နို့မှုန့် ၈ ဒသမ ၄၇၄ တန်ကို မွန်ဂိုလီးယားမှလည်းကောင်း၊ ကန်ဒေါ်လာ ၁၀၆၀ဝ၂ တန်ဖိုးရှိ နို့မှုန့် ၁၁ ဒသမ ၇၀ တန်ကို  မလေးရှားနိုင်ငံမှ လည်းကောင်း တင်သွင်းခဲ့ပါတယ်။ ဒီ တစ်ပတ် စုစုပေါင်းတင်သွင်းတန်ချိန်မှာ  ၄၂ ဒသမ ၆၁၄ တန် ရှိခဲ့တယ်လို့ သိရ ပါတယ်။ ယခင်သီတင်းပတ် နို့မှုန့်တင် သွင်းမှုမှာ ၁၈၅ တန်ကျော်  ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ နှိုင်း ယှဉ်ရင် တန်ချိန် ၁၄၀ ကျော်တင်သွင်းမှု လျော့နည်းခဲ့တယ်လို့ သိရပါတယ်။နယ်စပ်စခန်းဖြစ်တဲ့ မြဝတီကုန် သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၆၇၃၈ တန်ဖိုးရှိ နို့ဆီ ၇ ဒသမ ၇၅ တန်ကို တင် သွင်းခဲ့တယ်လို့ သိရပါတယ်။
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General