မော်လမြိုင်မြေဆီဈေးကွက်အရောင်းသွက်

အောက်တိုဘာ ၉ ရက်မှ ၁၅ ရက် သီတင်းပတ်အတွင်း ပြည်တွင်းသို့ ရေလမ်း မှ မြေဩဇာ ၁၆၈၄၃ တန်ကျော် အဝင်ရှိခဲ့ပြီး ယခင်တစ်ပတ်က ၂၅၁၅၆  တန်ကျော် ဝင်ခဲ့တာကြောင့် ယခုတစ်ပတ်မှာ  တန်ချိန် ၈၃၀ဝ ကျော် အဝင်လျော့ခဲ့ တယ်လို့
သိရပါတယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ် မြေဩဇာအဝင်မှာ ၁၃၀ဝ၃ တန်ကျော် ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၁၂၇၅၈ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် မှာ တန်ချိန် ၂၄၀ ကျော်အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ
ရေကြောင်းလမ်းမှ အဝင်လျော့ပြီး နယ်စပ်လမ်းမှအဝင်ပိုခဲ့ပါတယ်။မော်လမြိုင်ဈေးကွက်မှာ ဆောင်းသီးနှံအတွက် စတင်ဝယ်ယူလာတာကြောင့် အရောင်းအဝယ် နည်းနည်းသွက်လာတယ်လို့ စိုက်ပျိုးရေး အရောင်းဆိုင်မှ တာဝန် ရှိသူတစ်ဦးက ပြောပါတယ်။  ဒီတစ်ပတ်မှာ  ပုလဲ-အသေး ၂၀ဝ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်)နဲ့ ကွန်ပေါင်း ၁၆း၁၆း၈ က ၃၀ဝကျပ် ဈေးမြင့်လာခဲ့ပြီးတီစူပါ ၄၆% က ၅၀ဝ ကျပ်ဈေးကျကာ ကျန်မြေဩဇာများက ယခင်တစ်ပတ်ဈေးနဲ့ အရောင်း အဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ ပုလဲ-အသေး ၄၆%(ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်-တရုတ်)၂၁၀ဝဝကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) ၃၅၀ဝဝ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) ၂၉၅၀ဝ ကျပ်၊
ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) ၂၁၀ဝဝကျပ်၊ တီစူပါ၄၆% (သံကွင်း-တရုတ်) ၂၁၀ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ စုံစမ်းရရှိခဲ့ပါတယ်။မကွေးဈေးကွက်မှာ အရောင်းအဝယ်ပါးတယ်လို့  သိရပါတယ်။ ဒီတစ်ပတ်မှာ မြေဩဇာဈေးတွေ မပြောင်းဘဲ ယခင်ဈေးနဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါ တယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ ဈေးမှာ မြှားကမ္ဘာ-တရုတ် ၁၂း၁၃ (အပြာ) ၁၆၀ဝဝ ကျပ်၊ ဆင်၁၀း၁၀း၅ ၁၅၅၀ဝကျပ်၊ သီးစုံ (ဝါစိမ်းပြာ)၁၅၅၀ဝကျပ်၊ အာမို၁၅ ပတ်လည် ၃၅၅၀ဝကျပ်၊ အာမို ၁၆း၁၆း၈ ၃၃၅၀ဝ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)၁၉၀ဝဝကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၁၈၅၀ဝ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၆၀ဝဝ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ ၁၈၂၀ဝကျပ်၊ တီစူပါ ၁၉၀ဝဝ ကျပ်၊ တောင်သူမ ၁၅၃၀ဝကျပ်၊မြားကမ္ဘာ(၁၅း၇း၈) ၁၉၀ဝဝ ကျပ်၊ ဇာမဏီ ၁၇၈၀ဝ ကျပ်ဈေးရှိတယ်လို့ မြေဩဇာအရောင်းဆိုင်မှစုံစမ်းသိရှိ ရပါတယ်။
တောင်ကြီးဈေးကွက်မှာ  ရာသီချိန်လည်း မရောက်သေးတာကြောင့်  အရောင်း အဝယ်အေးနေတယ်လို့ စိုက်ပျိုးရေး အရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ဆိုပါ တယ်။ ဒီတစ်ပတ်မှာ ယူရီးယား(ကမ္ဘာလုံး) က ၂၀ဝ ကျပ်၊ ယူရီးယား (ယူအေအီး)
က ၅၀ဝ ကျပ်ဈေးကျပြီး ယူရီးယား(ပန်းဖူး) က၁၀ဝ ကျပ်၊ ပန်းဖူး(ရွှေတောင်)က  ၅၀ဝ ကျပ်၊ ဓာတ်ဆားက ၅၀ဝ ကျပ် ဈေးကျပြီး ကျန်မြေဩဇာများက ယခင်တစ် ပတ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဈေးကွက်ထဲ အရောင်း
အဝယ်ဖြစ်နေတဲ့ဈေးမှာ   ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၁၉၀ဝဝကျပ်၊ ယူရီး ယား (ရွှေတောင်-တရုတ်)   ၁၉၇၀ဝ ကျပ်၊    ယူရီးယား (ပန်းဖူး-တရုတ်) ၂၀၃၀ဝကျပ်၊ တီစူပါ၂၀% (တရုတ်) ၁၂၅၀ဝ ကျပ်၊ ပိုးသတ်ဆေး ၁၉၀ဝ ကျပ်၊ တီစူပါ ၁၅
ပတ်လည်(တရုတ်) ၃၆၅၀ဝ ကျပ်၊ တီစူပါ ၁၀း၁၀း၅  (တရုတ်) ၁၆၀ဝဝကျပ်၊ ဓာတ်ဆား (တရုတ်) ၁၄၅၀ဝကျပ်၊ ပိုတက်(တရုတ်) ၂၄၅၀ဝ ကျပ်၊ ယူရီး ယား (ယူအေအီး) ၁၉၀ဝဝ ကျပ်၊ မြား ကမ္ဘာ  ၁၄၆၀ဝ ကျပ်ဈေးနဲ့  အရောင်း အဝယ်ဖြစ်တယ်လို့   ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General