ဒီတစ်ပတ် ဒီဇယ်၊ ဓာတ်ဆီအဝင်ပို

အောက်တိုဘာ ၉ ရက်မှ ၁၅ ရက် သီတင်းပတ်အတွင်း ပင်လယ်ရေကြောင်း လမ်းမှ ကန်ဒေါ်လာ ၄၇၆၂၃၆၂ တန်ဖိုးရှိ ဒီဇယ်၉၆ ဒသမ ၆၀၁တန်နဲ့ ကန်ဒေါ်လာ ၆၀၆၀၈၀၂ တန်ဖိုးရှိ ဓာတ်ဆီ ၁၂၂ ဒသမ ၆၉၂ တန်ကို တင်သွင်းခဲ့ပါတယ်။ ဒီတစ် ပတ်မှာ ဒီဇယ်၊  (၉၂)၊  (၉၅)တို့ တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ် ဓာတ်ဆီတင်သွင်းမှုမှာ ၃၇ တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် တင်သွင်းမှုနဲ့ နှိုင်း ယှဉ်ရင် ၈၄ တန်ကျော် ပိုမိုခဲ့သလို ယခင်သီတင်းပတ် ဒီဇယ်အဝင်မှာ ၁၉ တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့နှိုင်းယှဉ်ရင် ၇၇တန်ကျော်ပိုမို တင်သွင်း ခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ဒီဇယ်ရောဓာတ်ဆီပါ တင်သွင်းမှု ပိုခဲ့ပါတယ်။နယ်စပ်စခန်းများဖြစ်တဲ့ မြဝတီကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၇၇၄၅၀၆ တန်ဖိုးရှိ ဒီဇယ် ၁၆၁၈ ဒသမ ၂၀၅တန်၊ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာကန် ဒေါ်လာ၂၄၇၈၉ တန်ဖိုးရှိ ဓာတ်ဆီ ၃ ဒသမ ၈ တန် နဲ့ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ၆၆၃၇၅၇ တန်ဖိုးရှိ ဒီဇယ်၁၃၆၆တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ် ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ အဆင့်မြင့်ဒီဇယ် ၊အောက်တိန်း(၉၂)၊  ဒီဇယ်နဲ့ အောက်တိန်း  (၉၅)မှာ ဈေးနည်းနည်းမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ် ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာဈေးနှုန်းများမှာ ဒီဇယ် ၆၃၅ ကျပ်၊အောက်တိန်း  (၉၂)  ၆၄၀ ကျပ်၊ အောက်တိန်း (၉၅) ၆၉၀ ကျပ်၊ အဆင့်မြင့် ဒီဇယ် ၆၅၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင် များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ အောက်တိုဘာ ၁၇ ရက်မှာ ဒီဇယ်ဝယ်ဈေး၁၁၈၀ဝဝကျပ်၊ ရောင်းဈေး ၁၂၂၀ဝဝကျပ်နဲ့ အရောင်းအဝယ်ဖြစ်ပြီး  နောက်ရက်များတွင် ဆက်တိုက်ဈေးမြင့်လာခဲ့ရာ အောက်တိုဘာ ၂၀ ရက်တွင် ဝယ် ဈေး ၁၂၄၀ဝဝ ကျပ်၊ ရောင်းဈေး ၁၂၇၀ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ဝယ်ဈေး၊ ရောင်းဈေး ၅၀ဝဝ ကျပ်နီးပါး ဈေးမြင့်လာခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီဈေးမှာ အောက်တို ဘာ ၁၇ ရက်တွင် ဝယ်ဈေး ၁၂၅၀ဝဝကျပ်၊ ရောင်းဈေး ၁၂၈၀ဝဝ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့နှိုင်းယှဉ်ရင် အပြောင်းအလဲမရှိဘူးလို့ သိရပါတယ်။ တစ် ဒီဇယ်တစ်ဂါလန် ၂၇၀ဝ ကျပ်၊ ဓာတ်ဆီတစ်ဂါလန် ၂၉၀ဝကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ  ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကဆိုင်များတွင်  ဓာတ်ဆီဈေးငြိမ်နေသော်လည်း ၊ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့
အောက်တိန်းမှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဓာတ်ဆီ တစ်လီတာ ၆၄၅ ကျပ်၊ ဒီဇယ် ၅၈၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၆၄၅ကျပ်၊ အောက်တိန်း  (၉၂) ၆၄၅ကျပ်နဲ့ ရောင်းချ နေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ပီပါ ဈေးများမှာ အောက်တိုဘာ ၁၇ ရက်မှာ ဒီဇယ်ဝယ်ဈေး ၁၂၃၀ဝဝ ကျပ်၊ ရောင်းဈေး ၁၂၆၀ဝဝ ကျပ်နဲ့အရောင်းအဝယ်ဖြစ်ခဲ့ရာ နောက်ရက်များတွင် ဆက်တိုက်ဈေးတက်ခဲ့ရာ အောက်တိုဘာ ၂၀ရက်နေ့တွင်ဝယ်ဈေး ၁၃၀ဝဝဝ ကျပ်၊ ရောင်းဈေး ၁၃၂၀ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ နှိုင်းယှဉ်ရင်ဝယ်ဈေး ၊ ရောင်းဈေး ၇၀ဝဝ ကျပ်ဝန်းကျင် ဈေးမြင့်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ် ဆီဈေးမှာ အောက်တိုဘာ ၁၇  ရက်တွင် ဝယ်ဈေး ၁၃၀ဝဝဝ ကျပ်၊ ရောင်းဈေး ၁၃၄၀ဝဝ ကျပ်နဲ့အရောင်းအဝယ်ဖြစ်ခဲ့ရာ အောက်တိုဘာ ၂၀ ရက်တွင် ဝယ်ဈေး ဈေးငြိမ်ခဲ့သော်လည်း ရောင်းဈေး ၂၀ဝဝ ကျပ် ဈေးကျခဲ့တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များတွင် တစ်ဂါလန် ဈေးမှာဒီဇယ် ၂၈၀ဝ ကျပ်၊ ဓာတ်ဆီ ၂၈၀ဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန် အရောင်းအဝယ်ဖြစ်တယ် လို့ သိရပါတယ်။ ဒီတစ်ပတ်ဓာတ်ဆီမှာဈေးငြိမ်ပြီး ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေး နည်းနည်းမြင့်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ ဈေးများမှာ ဓာတ်ဆီ တစ်ဂါလန် ၃၀ဝဝ  ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၈၈၀ကျပ်၊ အောက်တိန်း တစ်ဂါလန် ၂၉၂၅ ကျပ်နဲ့အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန်၃၁၀ဝကျပ်၊ဒီဇယ် တစ်ဂါလန် ၂၉၀ဝ ကျပ်၊ အောက်တိန်း တစ်ဂါလန် ၃၀ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရ ပါတယ်။                                                                                         MIRT-DOT
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General