ပြည်ဆန်စပါးဈေး ဆက်ကျနေဆဲ
                                                    
                
	၀၁၆ ခုနှစ် မိုးစပါး များ အသစ်ပေါ်ထွက်လာပြီးဈေးကွက်အတွင်းသို့ ၅၀ ရာခိုင်နှုန်း ဝင်ရောက်လာပြီဖြစ်ကြောင်း သိရပါတယ်။ စပါးဈေးအဖွင့်ဈေးထက် ယခုတစ်ပတ်မှာ ဈေးအနည်းငယ် ထပ်မံကျလာတာ တွေ့ရပါတယ်။ စပါးအရည်
	အသွေးနဲ့ အစိုဓါတ်ပေါ်မူတည်၍ စပါးဈေးအကျဘက်ရောက်နေတာဖြစ်ကြောင်း သိရပါတယ်။ ယခုတစ် ပတ်ရဲ့ စပါးဈေး၊ ဆန်ဈေးတွေကတော့ တောင်ပျံမွှေးစပါးတင်း (၁၀ဝ) ၄၆ပေါင်ကိုက်ဈေး ကျပ် ၇၈၂၀ဝဝနှင့် ဆန်တစ်
	အိတ်ဈေး ကျပ် ၃၂၀ဝဝ၊ ဧည့်မထစပါး(မိုး)ဟောင်း ကျပ် ၄၇၀ဝဝဝနှင့် ဆန်တစ်အိတ်ဈေး (ဟောင်း) ကျပ် ၁၈၀ဝဝ၊ ဧည့်မထ (မိုးသစ်) စပါးဈေး ကျပ် ၃၄၀ဝဝဝနှင့် (မိုးဆန်သစ်) တစ်အိတ် လျှင် ကျပ် ၁၄၀ဝဝမှ ကျပ် ၁၇၀ဝဝအထိ ဆန်
	အမျိုးအစားပေါ် မူတည်၍ဈေးနှုန်းကွဲ ပြားမှုရှိနေပါတယ်။ အရောင်းအဝယ်အနေဖြင့် တောင်ပျံမွှေးဆန်ချော တင်ပို့ မှုမရှိဘဲ ဒေသတွင်းသာ အရောင်းအဝယ် ရှိနေပါတယ်။ ဧည့်မထ(မိုး)ဆန်အသစ် တွေကတော့ အရောင်းအဝယ်လိုက်
	နေတယ်လို့ သိရပါတယ်။ ဒေသတွင်းရော/ နယ်ပါတင်ပို့မှုအနေဖြင့် တစ်ရက်လျှင် အိတ် ၁၂၀ဝ ကျော် ရောင်းဝယ်မှု ရှိတယ်လို့ သတင်းရရှိပါတယ်။              နီနီဝင်း
	 
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General