ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏Public Forum နှင့်မြန်မာ

ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့မှာစက်တင်ဘာလ၂၆ရက်မှ၃၀ရက်အထိကျင်းပခဲ့တဲ့ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့PublicForumဟာမြန်မာနိုင်ငံအတွက်တကယ့်ကိုအကျိုးရှိလှတဲ့ဖိုရမ်တစ်ခုဖြစ်ခဲ့ပါတယ်။စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်နဲ့ကုန်သွယ်ရေးဦးစီးဌာနကညွွှန်ကြားရေးမှူးချုပ်ဦးရန်နိုင်ထွန်း၊မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကညွှန်ကြားရေးမှူးချုပ်ဦးအောင်စိုးနဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။အဲဒီဆွေးနွေးပွဲမှာမြန်
မာနိုင်ငံနဲ့ပတ်သက်ပြီးMyanmar:OpeningupforBusinessForumကိုပါထည့်သွင်းကျင်းပခဲ့တာကြောင့်မြန်မာ့စီးပွားရေးအတွက်အလွန်ပင်အထောက်အကူပြုမယ့်ဆွေးနွေးပွဲတစ်ခုဖြစ်တယ်လို့ဆိုရမှာပါ။အဲဒီဆွေးနွေးပွဲကိုတက်ရောက်ရတဲ့
ရည်ရွယ်ချက်တွေကတော့ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ရဲ့  EIFလုပ်ငန်းစဉ်အောက်မှာ ဆောင်ရွက်လျက်ရှိတဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုဘက်စုံလေ့လာ ဆန်းစစ်ခြင်း; (DTIS)လုပ်ငန်း စဉ်ရဲ့တိုးတက်အောင်မြင် ဖြစ်ထွန်းမှုများအား နိုင်ငံတကာသို့ရှင်းလင်းချပြ ဆွေးနွေးသွားရေး၊ဖွံ့ဖြိုးတိုးတက်မှုအတွက် အကူအညီပေးလျက်ရှိတဲ့ နိုင်ငံ တကာအဖွဲ့အစည်းများနဲ့သာမက မိတ်ဖက်နိုင်ငံများနဲ့ပါကုန်သွယ်မှုဆိုင်ရာကိစ္စများမှာပိုမိုထိတွေ့ဆက်ဆံနိုင်ရေးနှင့်မိမိနိုင်ငံအတွက်နိုင်ငံတကာအတွေ့အကြုံနှင့်အထောက်အကူများရရှိရေး၊ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့လုပ်ငန်းစဉ်များတွင်မြန်မာနိုင်ငံမှပိုမိုတကြွ်ကစွာပါဝင်ဆောင်ရွက်နိုင်ရေးနဲ့မြန်မာနိုင်ငံရဲ့အခန်းကဏ္ဍပိုမိုမြှင့်တင်
နိုင်ရေးတို့ပဲဖြစ်ပါတယ်။ပြည်ထောင်စုဝန်ကြီး ဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ Enhanced Integrated Framework Division  မှ အမှုဆောင်ဒါရိုက်တာဖြစ်သူDr. Ratnakar Adhikari  နဲ့ တွေ့ဆုံခဲ့သလို EIFCountry Director ဖြစ်သူ Mr. Simon Hessနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ယခုကျင်းပခဲ့တဲ့WTO ရဲ့  Public Forumဟာ (၁၅)ကြိမ် မြောက်ဖြစ် ပါကြောင်း၊ ယခုအခါ ကမ္ဘာ့ကုန်သွယ်မှုဟာကျဆင်းလျက်ရှိနေပါကြောင်း၊ယခုလိုကမ္ဘာ့ကုန်သွယ်မှုကျဆင်းလာခြင်းဟာ  စီးပွားရေးကျဆင်းခြင်းရဲ့လက္ခဏာများပင်ဖြစ်ပါကြောင်း၊ စီးပွားရေးကျဆင်းလာတာနဲ့အမျှ အလုပ်လက်မဲ့များလည်း များပြားလာပါကြောင်းGrowth and Development ကိုယှဉ်တွဲဖွံ့ဖြိုး
တိုးတက်ရေးအတွက်နည်းပညာများရဲ့အခန်းကဏ္ဍဟာ အလွန်ပင် အရေးကြီးလှပါကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြား ရေးမှူးချုပ် ရောဘတ်တိုအဇယ်ဗယ်ဒိုက PublicForumဖွင့်ပွဲအခမ်းအနားမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ကမ္ဘာ့ဘဏ်ဟာ မြန်မာနိုင်ငံရဲ့ကုန်သွယ်မှုကဏ္ဍဘက်စုံလေ့လာဆန်းစစ်မှုအစီရင်ခံစာလုပ်ငန်းစဥ(DTIS)တွေမှာအကူအညီပေးခဲ့တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့အကူအညီကြောင့်DTISရဲ့လုပ်ငန်းစဉ် တွေ အောင်မြင်ခဲ့ရသလိုနောက်ဆက်တွဲ အစီအစဉ်တစ်ခုဖြစ်တဲ့ ကာလ လတ် အစီအစဉ်များကိုလည်း ရေးဆွဲလျက်ရှိပါတယ်။ အဲဒီလုပ်ငန်းစဉ် ကြောင့် မြန်မာနိုင်ငံရဲ့စီးပွားရေးမူဝါဒ (၁၂)ရပ်ကိုချမှတ်ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံဟာကုန်သွယ်မှုနဲ့  စီးပွားရေးလုပ်ငန်းများအပေါ် တံခါး ဖွင့်မူဝါဒကိုကျင့်သုံးပြီး ကုန်သွယ်မှုမြှင့်တင်ရေးကို ဦးစားပေးလုပ်ဆောင် လျက်ရှိနေတာဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေရှိနေပါကြောင်း၊အဲဒီ စိန်ခေါ်မှု တွေအနက် CapacityBuildingတိုးမြှင့်ရေး၊ProductDiversificationကဏ္ဍနဲ့အဆောက်အဦအထူးသဖြင့်ကုန်သွယ်မှုနဲ့ဆက်နွယ်ပတ်သက်နေတဲ့အခြေခံအဆောက်အအုံကဏ္ဍတွေမှာနိမ့်ကျနေတာကြောင့်အဲဒီကဏ္ဍတွေမှာအိမ်နီးချင်းနိုင်ငံများနဲ့ယှဉ်ပြိုင်ရာမှာ အားနည်းနေပါကြောင်း၊ ဒါကြောင့်ကမ္ဘာ့ဘဏ်အနေနဲ့ အဲဒီကဏ္ဍတွေအတွက် ကူညီထောက်ပံ့မှုတွေ ဆက်လက် ပံ့ပိုးပေးဖို့ တောင်းဆိုလိုပါကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ကကမ္ဘာ့ဘဏ်ရဲ့အကြီးအကဲဖြစ်သူlMs.AnableGonzalezနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးဟာ  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ်မစ္စတာရောဘတ်တိုအဇယ်ဗယ်ဒိုနဲ့ တွေ့ဆုံရာမှာမြန်မာနိုင်ငံအနေနဲ့အခြားသောကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများနည်းတူ  နိုင်ငံတကာကုန်သွယ်မှု စနစ်မှာ လိုက်ပါဆောင်ရွက်မှုအခြေအနေများနဲ့ တိုးတက်လာမှု အခြေအနေများ၊  ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ် နှံမှု  ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆောင်ရွက်နေမှု အခြေ အနေများ၊   ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနဲ့ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကိစ္စရပ်များတွင်နည်းပညာအကူအညီများဆက်လက်ပံ့ပိုးပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။ ယခုကျင်းပခဲ့တဲ့  Public Forum  ဆွေးနွေးပွဲမှာ EIF:Trade for LDC Development Impact Report ၂၀၁၅ စာအုပ်မိတ်ဆက်ပွဲကို ထည့်သွင်းကျင်းပခဲ့ပါ တယ်။ အဲဒီစာအုပ်ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့EIF Division မှ ပညာရှင်များ၊ သုတေသီများ စုပေါင်းပြုစု ထားခြင်းဖြစ်ပြီးEIF  အစီအစဉ်ရဲ့ရည်ရွယ်ချက်များနဲ့ အဲဒီအစီအစဉ်မှာပါဝင်တဲ့နိုင်ငံတွေရဲ့ လုပ်ငန်းစဉ် ဆောင်ရွက်မှုနဲ့တိုးတက်မှုလုပ်ငန်းစဉ်ကို ဖော်ပြထားတဲ့အစီရင်ခံစာတစ်ခုဖြစ်ပါတယ်။အဲဒီစာအုပ်မိတ်ဆက် ပွဲကို ပြည်ထောင်စုဝန်ကြီး နဲ့အဖွဲ့တို့လည်း
တက်ရောက်ခဲ့ကြပါတယ်။အဲဒီနောက် စက်တင်ဘာလ၂၉ရက်မှာmMyanmar: Opening up for Business Fourmကို ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့ ် တက်ရောက် အမှာစကားပြောကြားခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးက ၂၀၁၆ ခုနှစ်၊ ဧပြီလမှစတင်လျက် တာဝန်ယူဆောင်ရွက်ခဲ့တဲ့ အစိုးရသစ်ဟာ အစိုးရရဲ့စီးပွားရေး ဆိုင်ရာမူဝါဒ (၁၂) ချက်ကို ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်မှုဟာ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးရေး နဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် များစွာအဓိက ဖွံ့ဖြိုးတိုးတက် စေရန်နဲ့  ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရန်တို့ကို ဦးတည်ပြီး ပြုပြင်ပြောင်းလဲမှုများကို ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၃
ခုနှစ် ဇူလိုင်လမှာ ဥရောပသမဂ္ဂက မြန်မာနိုင်ငံ အပေါ် စီးပွားရေးပိတ်ဆို့မှုများအား ဖယ်ရှားပေးခဲ့ပြီး ဖြစ်သဖြင့်  ဈေးကွက်အခွင့်အလမ်းများပိုမိုရရှိခဲ့ပါ ကြောင်း၊ ၂၀၁၄ ခုနှစ်၊  မတ်လမှာ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ကုန်သွယ်မှုမူဝါဒလေ့လာဆန်းစစ်ခြင်း လုပ်ငန်းစဉ်အားအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ အမျိုးသားပို့ကုန် မဟာဗျူဟာရေးဆွဲခြင်းနဲ့ အသိပေးကြေငြာခြင်းလုပ်ငန်းစဉ်ကို၂၀၁၅ခုနှစ်မှာကြေငြာခဲ့ပါကြောင်းအဲဒီကြေငြာချက်အရပို့ကုန်ကဏ္ဍများမှာအဓိကဦးစားပေးကဏ္ဍတွေကို ရွေးချယ်သတ်မှတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များ ကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက်အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့  (ITC)  မှ
နည်းပညာ အကူအညီများနှင့်ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(GIZ)မှ ငွေကြေး အကူအညီ များ ပံ့ပိုးပေးခဲ့ပါကြောင်း ပြောကြားခဲ့ပါတယ်။
အဲဒီဖိုရမ်ကို ကမ္ဘာ့ဘဏ်အဖွဲ့၊ ဥရောပသမဂ္ဂ၊ EIF အတွင်းရေးမှူးရုံးအဖွဲ့၊ ပုဂ္ဂလိကကဏ္ဍ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ မှပုဂ္ဂိုလ်များ၊ အာဆီယံနိုင်ငံများမှကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း ကိုယ်စားလှယ်  ၁၀ဝဦးတက်ရောက်ခဲ့ပြီးMyanmar:Opening up for Business Forum နဲ့ပတ်သက်ပြီး သိရှိလိုတာများကိုမေးမြန်းခဲ့ကြရာမှာ သက်ဆိုင်ရာ တာဝန် ရှိသူတွေက   ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပါတယ်။WTOရဲ့ Public Forum  ကို မြန်မာနိုင်ငံက တာဝန်ရှိသူတွေ တက်ရောက်ခဲ့တဲ့အတွက် ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် တွေကို ချမှတ်နိုင်ခဲ့သလို အကျိုးကျေးဇူးတွေလည်း အများအပြား ရရှိခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဟာ ဂျီနီဗာမြို့မှာကျင်းပတဲ့ WTOရဲ့PublicForumကိုတက် ရောက်လာကြတဲ့ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းအသီးသီးမှတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးချက်တွေအရရှေ့ဆက်လက် ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေကတော့-ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့  ကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက်   အကူအညီပေးလျက်ရှိတဲ့  Enhanced Integrated Framework (EIF)
အစီအစဉ်အရကုန်သွယ်မှုကဏ္ဍဘက်စုံလေ့လာဆန်းစစ်မှုအစီရင်ခံစာ(DiganosticTradeintegrationStudyDTIS)ကိုကမ္ဘာ့ကုန်သွယ်ရေးနှင့်ကမ္ဘာ့ဘဏ်မှပညာရှင်များရဲ့အကူအညီနဲ့ ရေးဆွဲ ပြုစုထားပြီးဖြစ်ရာ အဲဒီအစီရင်ခံစာမှာပါရှိတဲ့Action Matrix များ ကို လက်တွေ့ဆောင်ရွက်နိုင်ရေးအတွက် Medium Term Program  ဟုခေါ်သော နှစ်လတ်စီမံကိန်းများ ရေးဆွဲရေးလုပ်ငန်းစဉ်ကို ဆက် လက် ဆောင်ရွက်သွားနိုင်ရေးအတွက်  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နဲ့ ကမ္ဘာ့ဘဏ်တို့ကိုတွန်းအားပေးဆောင်ရွက်သွားရန်၊ နှစ်လတ်စီမံကိန်းများရေးဆွဲရာတွင် အမျိုးသားပို့ကုန်မဟာ ဗျူဟာ၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာနဲ့ ကုန်သွယ် မှုလွယ်ကူ လျင်မြန်ချောမွေ့စေရေးအတွက် လိုအပ်ချက်အစရှိတဲ့ အစီရင်ခံစာများပါလုပ်ငန်းစဉ်များအားလုံး  ထပ်တူခြင်း မရှိစေဘဲ ပါဝင်လာစေရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန်၊ နှစ်လတ်စီမံကိန်းများရေးဆွဲပြုစုမှုကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ လအတွင်း အပြီးသတ်ရေးဆွဲရန်နဲ့ရေးဆွဲပြီးစီးတဲ့ လုပ်ငန်းစီမံကိန်း တွေကိုလက်တွေ့အကောင်အထည်ဖော်နိုင်ဖို့နိုင်ငံတကာ အဖွဲ့ အစည်းတွေ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံတွေ၊ အလှူရှင်နိုင်ငံတွေရဲ့ အကူ အညီတွေကို ရယူဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊  မြန်မာနိုင်ငံရဲ့ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်   နိုင်ငံတကာကုန်သွယ်ရေးအဖွဲ့အစည်းများဖြစ်သော  ဂျီနီဗာမြို့ အခြေစိုက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန    အစရှိတဲ့အဖွဲ့အစည်းများထံမှ နည်းပညာအကူအညီများရယူ ဆောင်ရွက်သွားရန်၊
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှာ မြန်မာနိုင်ငံအနေနဲ့ ပိုမိုတကြွ်ကစွာပါဝင်ဆောင်ရွက်ခြင်းဖြင့် မိမိနိုင်ငံရဲ့ပုံရိပ်ကိုပိုမို မြှင့်တင်နိုင်ရန်၊ နိုင်ငံစုံကုန်သွယ်မှုစနစ်အောက်မှ မိမိနိုင်ငံအတွက် အကျိုး ဖြစ်ထွန်းမှုများ ပိုမိုရရှိနိုင်ရေးအတွက် မိတ်ဖက်နိုင်ငံများနဲ့လက်တွဲပူးပေါင်းဆောင်ရွက်သွားရန်တို့ဖြစ်ပါတယ်။
WTOရဲ့ဖိုရမ်နဲ့အတကျင်းပခဲ့တဲ့Myanmar:OpeningupforBusinessForumကိုတက်ရောက်ခဲ့ရတဲ့အတွက်မြန်မာနိုင်ငံအနေနဲ့အကျိုးကျေးဇူးတွေအများအပြားရရှိခဲ့တာကိုတွေ့ရပါတယ်။မြန်မာနိုင်ငံအနေနဲ့ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနဲ့ဂျီနီဗာအခြေစိုက် နိုင်ငံတကာ အဖွဲ့ရုံးများရဲ့ လေးနက်စွာ အသိအမှတ်ပြုခြင်းကိုခံခဲ့ရ ပါတယ်။ ဒါ့အပြင် ကုန်သွယ်မှု ဘက်စုံလေ့လာဆန်းစစ်ခြင်း အစီရင်ခံစာစာအုပ်(DTIS)အား အောင်မြင်စွာ ရေးသားပြုစုနိုင်ခဲ့ပြီး၊ အဲဒီ အစီရင်ခံစာပါ လုပ်ငန်းစဉ်များအပေါ် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်း များနဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့  (WTOတို့က နည်းပညာအကူအညီ နဲ့ အရင်းအမြစ်များ  ပိုမိုပေးအပ်သွားမယ်ဆိုတဲ့ကတိကဝတ်တွေ ကိုလည်း ရရှိခဲ့ပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေးအစီအစဉ်အရ လက်ရှိဆောင်ရွက်လျက်ရှိတဲ့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ခြင်းအဆင့် (Tier 1) နဲ့
ရှေ့ဆက်ဆောင်ရွက်ရမယ့် သက်ဆိုင်ရာကဏ္ဍအလိုက် ဦးစားပေး ကဏ္ဍများဖော်ထုတ်၍ ကာလလတ်စီမံကိန်းများအား အကောင် အထည်ဖော်ရေးအဆင့် (Tier 2) လုပ်ငန်းစဉ်များကို   နိုင်ငံတကာ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနဲ့ နိုင်ငံများသို့ရှင်းလင်းပြောကြား နိုင်ခဲ့တဲ့အတွက် ၎င်းတို့ရဲ့အားရကျေနပ်မှုနဲ့ ပိုမိုနီးကပ်စွာဆက်လက် ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ကတိကဝတ်တွေရရှိခဲ့ပါတယ်။ကုန်သွယ်မှုစေ့စပ် ်ညှိနှိုင်းဆွေးနွေးမှုများ၊ကုန်သွယ်မှုမူဝါဒချမှတ်ခြင်းနဲ့အကောင်အထည်ဖော်ရေး၊ နိုင်ငံစုံကုန်သွယ်မှုစနစ်မှာ တက်ကြွစွာပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရေး၊ ပွင့်လင်းမြင်သာမှုနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဒေသတွင်းနဲ့နိုင်ငံစုံကုန်သွယ်မှုစနစ်သို့ ပေါင်းစပ်ပါဝင်နိုင်ရေး၊ ကုန်သွယ်မှုကိုဖွံ့ဖြိုးတိုးတက်မှုရဲ့ မောင်းနှင်အားတစ်ရပ်အဖြစ် အသုံးပြု၍ Global Value Chains  မှာ ပိုမိုပေါင်းစပ်ပါဝင်နိုင်ရေး  အစရှိတဲ့အကြောင်းအရာ တွေကို WTO ? ITC ? World Bank    အစရှိတဲ့ နိုင်ငံတကာ အဖွဲ့ အစည်းများမှ အကြီးအကဲများနဲ့ချစ်ကြည်ရင်းနှီးစွာအမြင်ချင်း ဖလှယ် ဆွေးနွေးခွင့်ရရှိခဲ့ပါတယ်။မြန်မာနိုင်ငံအနေနဲ့ Myanmar: Opening up for Business ဆွေးနွေးပွဲကို ကျင်းပနိုင်ခဲ့တဲ့အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နဲ့ နိုင်ငံတကာအသိုက်အဝန်းအကြားမှာ မြန်မာနိုင်ငံရဲ့ပုံရိပ်နဲ့ဂုဏ် သိက္ခာကို ပိုမိုမြှင့်တင်နိုင်ခဲ့ပါတယ်။  ဆွစ်ဇာလန်နိုင်ငံ၊   ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)  မှ ကြီးမှူးကျင်းပ  ပြုလုပ်ခဲ့တဲ့ Public Forum ဆွေးနွေးပွဲနဲ့Myanmar:Opening up for Business Forum သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခေါင်း ဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တဲ့အတွက်  မြန်မာနိုင်ငံအနေနဲ့ အာဆီယံအပါအဝင် ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ  (GMS, BIMSTEC,ACMECS)အပြင် လက်ရှိနိုင်ငံတော်ရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုများနဲ့အညီ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့နိုင်ငံစုံ ကုန်သွယ်မှုမှာလည်း တတြွ်ကစွာ ပါဝင် ဆောင်ရွက်နေခြင်းကို ထင်ဟပ်စေခဲ့ပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ရဲ့EIFဆိုင်ရာ  
လုပ်ငန်းစဉ်အစည်းအဝေးများ အပါအဝင် ဆက်စပ်အစည်းအဝေးများ တက်ရောက်ခဲ့ခြင်း၊ ဂျီနီဗာမြို့အခြေ စိုက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ညွှန်ကြားရေးမှူးချုပ် မစ္စတာ ရောဘတ် တိုအဇယ်ဗယ်ဒို၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအဖွဲ့ရဲ့ အမှု ဆောင်ဒါရိုက်တာဖြစ်သူ မစ္စအာရန်ချာဂွန်ဇာလက်၊ Enhanced Integrated Framework  Division မှ  အမှုဆောင် ဒါရိုက်တာဖြစ်သူDr.RatnakarAdhikariဂျီနီဗာအခြေစိုက်ယူနိုက်တက်ကင်းဒမ်း(UK)သံရုံးအမြဲတမ်းကိုယ်စားလှယ ်တို့နဲ့တွေ့ဆုံဆွေးနွေးနိုင်ခဲ့တဲ့အတွက်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှာ မြန်မာနိုင်ငံရဲ့အခန်းကဏ္ဍကို ပိုမိုမြှင့်တင်နိုင်ခဲ့ပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ နိုင်ငံစုံ ကုန်သွယ်မှုလုပ်ငန်းစဉ်များမှာပါဝင်ဆောင်ရွက်တဲ့အတွက် မြန်မာနိုင်ငံ အနေနဲ့ ကုန်သွယ်မှုလွယ်ကူလျင်မြန်ချောမွေ ့စေရေး၊ကုန်သွယ်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းများမှာ ဈေးကွက်အခွင့်အလမ်းများပိုမိုရရှိစေ ရေး၊မိမိပို့ကုန်များကိုအရည်အသွေးနဲ့စံချိန်စံနှုန်းများပိုမိုမြှင့်တင် နိုင်ရေးနဲ့ ဈေးကွက်များ ပိုမိုကျယ်ပြန့်စွာရှာဖွေနိုင်ရေး အစရှိတဲ့အခွင့်အလမ်းများ ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။

 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General