ရန်ကုန်ကားဈေးကွက် ဈေးမကျသော်လည်းအရောင်း အဝယ်ရှိလာ

သီတင်းကျွတ်ကာလအတွင်း ရန်ကုန်မြို့ ကား ဈေးကွက် အခြေအနေမှာ ယခင်ရက်သတ္တပတ်များ နှင့်စာလျှင် အရောင်းအဝယ်ပြန်ရှိလာပြီး ကားအရောင်း စင်တာများတွင်လည်း အမေးရှိလာကြောင်း သိရှိရ သည်။သီတင်းကျွတ် ကျောင်းပိတ်ရက်ကာလနှင့် တိုက် ဆိုင်နေသဖြင့် ကားပွဲစားတန်းများနှင့် အခြား နေရာ များတွင် လူ အဝင်၊ ထွက် ကျဲပါးပုံရှိနေသော်လည်းအချင်းချင်း ကြိုက် ရောင်း၊ ကြိုက်ဝယ် လက်သိပ်ထိုး အရောင်းများဖြင့် အရောင်း အဝယ်များရှ ိနေကြောင်း၊ ကျောင်းပိတ်ရက်များရှိသဖြင့် နယ်ဝယ်လက်များ ဆင်း လာကာ ရန်ကုန်မြို့တွင် ဝယ်စီးသမားများလည်း ပြန်ရှိ လာသဖြင့် ယခုတလော အရောင်းအဝယ်မဆိုးလှကြောင်း ဝါရင့် ယာဉ်ဝယ်ရောင်း ကိုမြင့်ကျော်က ပြောသည်။ယခုလလဆန်းပိုင်းတွင် ရန်ကုန်မြို့တော် သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ ခရီးသည်တင်ယာဉ်များ အဆင့်မြှင့်တင်ရာမှ ယာဉ်အိုယာဉ်ဟောင်း ဘတ်(စ်)ကားများ ပြန်လည်အပ်နှံသွားရေး ဆောင်ရွက်ရာတွင် ယာဉ်ပိုင်ရှင်များ နစ်နာမှုမရှိစေရေးအတွက် အပ်နှံ ဘတ်(စ်)ကားများအစား လူစီးယာဉ်တင်သွင်းခွင့် ပြု မည်ဟု သတင်းထုတ်ပြန်ခဲ့သဖြင့် သိန်း ၁၀ဝ အထက် သိန်း ၁၂၀ နီးပါးရောက်ရှိနေသော ယာဉ်ဟောင်း အပ်နှံ စလစ်ဈေးနှုန်း ပြန်လည်ကျဆင်းလာကာ ယခုဆို လျှင် ၁၀၆ သိန်း၊ ၁၀၇ သိန်းခန့်သာရှိတော့ကြောင်း၊ ယခုနှစ်ကုန်လျှင် စည်းကမ်းသတ်မှတ်ချက်အတိုင်းတင်သွင်းရာနိုင်ငံသို့ ပြန်ပို့ရမည့်ကားများ အရေအတွက် များများ ကျန်ရှိနေသေးသော်လည်း ပြည်ပမှထပ်မံတင် သွင်းကားများ ဒေါ်လာဈေး၊ ယန်းဈေးကြီးမြင့်မှုကြောင့် ထပ်မံတင်သွင်းမှု နည်းသွားရာမှ အခြေအနေ အရပ်ရပ် ကြောင့် လတ်တလော စလစ်ဈေး ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်နှစ်ကုန်ခါနီး ရောက်လေစလစ် ဈေးမြင့်လေ ပြန်လည်ဖြစ်ပေါ်လာနိုင်သည်ဟု ယူဆကြောင်း ၎င်းတို့ မှ ပြောသည်။၂၀၁၆ ခုနှစ် ကုန်ဆုံးရန်လက်ကျန်နှစ်လခန့်သာ ကျန်ရှိတော့သဖြင့် ကားလောကအတွင်းရှိ လူများမှာ ၂၀၁၇ ခုနှစ် ထုတ်ပြန်မည့် မော်တော်ယာဉ်မူဝါဒ အသစ်ကိုစိတ်ဝင်စားနေပြီးကားဈေးပိုမိုမြင့်တက်လာနိုင်သည်ဆိုသည့်အကြားသတင်းများကြောင့်လတ်တလောလိုအပ်သူများအချိန်မစောင့်ဆိုင်းနိုင်တော့ဘဲဝယ်ယူစီးနင်းမှုရှိလာသဖြင့်အင်ဂျင်ပါဝါကြီး အလယ် အလတ်ကားများဖြစ်သော ပါဂျဲရိုး၊ ပါရာဒို၊ ကလူဂျာ၊ အာလ်ဖတ်၊ ဝှစ်ရှ် စသည့် ကားများနှင့် ဟွန်ဒါဖစ်၊ အေဒီဗင်၊ ပရိုဘောက်၊ မာဇဒါကားလေးများ အရောင်းအဝယ် ပြန်ရှိလာကြောင်း သိရသည်။             SN
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General