ပြည်တွင်းသို့ တရုတ်နဲ့ အိန္ဒိယ ဆိုင်ကယ်များ ဝင်ရောက်မှု လျော့ကျ
                                                    
                
	အောက်တိုဘာလ ပထမပတ် အတွင်း တရုတ်၊ ထိုင်းနဲ့အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများနဲ့ ကုန်သွယ် ရေးဇုန်များမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၇၈၅ သန်းတန်ဖိုးရှိဆိုင်ကယ်မျိုးစုံ၂၇၃၂ စီးတင်သွင်းခဲ့ပါတယ်။ ယခင် တစ်ပတ်က ၁၁၂၂၀ စီး တင်သွင်းခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၈၄၈၈ စီး လျော့နည်းတင်သွင်းခဲ့တယ်လို့  ကုန် သွယ်ရေး စခန်းများမှ သိရပါတယ်။ကုန်သွယ်ရေးစခန်းများနဲ့ ကုန် သွယ်ရေးဇုန်များရဲ့ တင်သွင်းမှု အခြေ အနေကိုကြည့်ပါက မူဆယ်ကုန်သွယ် ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၂၀ သန်းတန်ဖိုးရှိဆိုင်ကယ် ၁၈၈၂ စီး၊ ကန်ပိုက်တီး ကုန်သွယ်ရေး စခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမဝ၁၉ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၇၁ စီး၊ မြဝတီကုန်သွယ်ရေးဇုန်မှအမေရိကန် ဒေါ်လာ ၁ဒသမ၁၆၄သန်းတန်ဖိုးရှိဆိုင်ကယ်၇၀၆စီး၊တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာသုညဒသမဝ၈၂ သန်း တန်ဖိုး ရှိ ဆိုင်ကယ် ၇၃ စီးကို  တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ ကန်ပိုက်တီး ကုန်သွယ်ရေးစခန်းနဲ့ တမူး ကုန်သွယ်ရေး စခန်းများမှဆိုင်ကယ်ပိုမိုတင်သွင်းခဲ့သော်လည်း   မူဆယ် ကုန်သွယ်ရေးဇုန်နဲ့ သတင်း ရရှိပါတယ်။                ခင်မိုးသူ
	 
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General