ပြောပြချင်တဲ့အရှေ့မြောက်တံခါး

သစ်သီးရောင်းကွင်းနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ လူမှုကွန်ရက်မှာတင်တယ်။တစ်ဖက်ကွင်းက တာဝန်ရှိသူ တစ်ယောက်နဲ့ နှစ်ယောက်တည်း တွေ့ကြတယ်။FBပေါ်က  Commetတချို့နဲ့ ပတ်သက်ပြီး အရှေ့မြောက်တံခါးနဲ့  ပတ်သက် တာတွေကို ပြောသင့်တယ်ထင်လို့ ပြောပြချင်ပါ တယ်။အရှေ့မြောက်တံခါးက ၂၀၁၅ မှာစတာပါ။အဲဒီမတိုင်ခင်ကပွဲရုံတွေဟာမူဆယ်မြို့ထဲက
ကိုယ့်အိမ်နေရာမှာ    ကိုယ်ရောင်းကြတာပါ။ကုန်သွယ်ရေးဇုန် ဖွင့်မယ်ဆိုတဲ့အခါ (၁၀၅)မိုင်ကို မဖြစ်မနေ တက်ရောင်းရမယ်ဆိုတော့   ပွဲရုံ အားလုံးလောက်နီးပါး  ကိုယ့်အိမ်ကနေ  မခွာချင်ကြဘဲ အချိန်ဆွဲနေခဲ့ကြပါတယ်။အဲဒီမှာ ပွဲရုံ နှစ်ရုံက သစ်သီးပွဲရုံတွေအတွက် သတ်မှတ်ထားတဲ့ ဧကကွက် ရှစ်ကွက်ထဲက တစ်ကွက်ကို ပေါင်းပြီး ဝယ်လိုက်ကြပါတယ်။ကျန်တဲ့ပွဲရုံ ၁၅ရုံကလည်း နှစ်အိမ် ဒါမှမဟုတ်သုံးအိမ်၊လေးအိမ်၊ငါးအိမ်စသည်ဖြင့်ပေါင်းပြီးတစ်ကွက်စီဝယ်ပြီးပွဲရုံဖွင့်ဖိုစိုင်းပြင်းကြပါတယ်။အဲဒီမှာညှိနှိုင်းနေကြရင်းနဲ့တစ်ကွက်စီသီးခြားပွဲရုံ ဖွင့်တာထက် ၁၅အိမ် စုပေါင်းပြီး တစ်နေရာထဲ  ရောင်းတာကပိုပြီးအဆင်ပြေလိမ့်မယ်လို့ညှိနှိုင်းကြပြီးတော့AA42တစ်ကွက်ကိုဝယ်ပြီး  တစ်နေရာတည်း  စုရောင်း ခဲ့ကြပါတယ်။  အဲဒီအချိန်က ရှိသမျှ ပွဲရုံတွေပေါင်းပြီးအရှေ့မြောက်တံခါးဆိုပြီးစလုပ်လာကြတာပါ။ကွင်းထဲ ဝင်ရောင်းရင် ရောင်းတဲ့ ပမာဏ အလျောက် ကွင်းကြေးကောက်ပြီး ကောက်လို့ရတဲ့ ငွေတွေကို ကုမ္ပဏီရဲ့ ရင်းနှီးငွေအနေနဲ့ ထားခဲ့ကြပါတယ်။ အဲဒီတုန်းက ရှိသမျှ ပွဲရုံတွေ စုထားတဲ့ ကွင်းထဲကို ကုမ္ပဏီအဖွဲ့ဝင်ပွဲရုံတွေကပဲ ရောင်းကြပြီး သတ်မှတ်ထားတဲ့ ကွင်းကြေးပေး ဆောင်ကောက်ခံ (ကိုယ်ပေးကိုယ်ကောက်)ကြ ရင်းနဲ့ ရင်းနှီးငွေစုဆောင်းခဲ့ကြပါတယ်။အဲဒီတုန်း က ပွဲခ ၅ရာခိုင်နှုန်း ယူတဲ့အတွက် ကွင်းကြေးကို လည်း ပွဲရုံတွေကပဲ   ပေးဆောင်ခဲ့ကြတာပါ။ အရင်ဦးဆုံး (၁၀၅)မိုင်တက်တဲ့ ပွဲရုံ နှစ်ရုံကလည်း သူတို့အကွက်မှာ သူတို့သီးခြားစီ ရောင်းနေကြ တာပါ။ ကွင်း နှစ်ကွင်းကို အပြင်က လာရောင်းတာ မရှိပါဘူး။ပွဲရုံ၁၅ ရုံ တစ်နေရာထဲ စုရောင်းတာ ရောင်းသူဝယ်သူ နှစ်ဦးနှစ်ဘက် အဆင်ပြေပြီး ကုန်သွယ်မှု ပမာဏလည်း  တစ်နှစ်ပြီးတစ်နှစ် ကြီး မားလာခဲ့ပါတယ်။ တစ်နှစ်ပြီးတစ်နှစ် ကုန်ပစ္စည်း တင်ပို့မှု များပြားလာတဲ့အတွက် အရှေ့မြောက် တံခါး ကုမ္ပဏီဟာ ဇုန်ထဲက ရောင်း မထွက်သေးတဲ့ A-24, A-25, B-59, 60, 61, 62 စတဲ့ အကွက်တွေကို အစိုးရဆီက  တိုးချဲ့ဝယ်ယူပြီးများပြားလာတဲ့ဖရဲသီးတွေကို ရောင်းချရာမှာ အဆင်ပြေဖို့အတွက် အရောင်းစင်နဲ့ ရောင်းတဲ့စနစ်ကို  ပထမဦးဆုံး တည်ဆောက် အကောင်အထည်ဖော်ခဲ့ပါတယ်။
(၁၀၅)မိုင်မှာ တိုးပွားလာတဲ့ သစ်သီးပို့ကုန် ပမာဏအရ   ပွဲရုံသစ် ဖွင့်ချင်တဲ့ သူတွေကို အရှေ့ မြောက်တံခါး ကုမ္ပဏီအကွက်ထဲမှာ သင့်တော်တဲ့ ဝင်ကြေးယူပြီး ပွဲရုံဖွင့်ခွင့်ပြုခဲ့ပါတယ်။   ကွင်း ကြေးကိုလည်း ကုမ္ပဏီအဖွဲ့ဝင်တွေ နည်းတူ တစ် ပြေးညီ ကောက်ခံခဲ့ပြီး ဦးစားပေးစနစ် ကင်းမဲ့စွာနဲ့ တန်းတူရောင်းချခဲ့ပါတယ်။ ကွင်းကြေးကောက် ခံပြီး ရရှိတဲ့   ငွေရင်းငွေနှီးကို ခေတ်ကာလအရ လိုအပ်တဲ့ ပို့ကုန်အရည်အသွေးမြင့် သရက်သီး စွပ်အိတ်၊သခွားသီး သရက်သီးစွပ်ဖော့၊ သရက်သီး ထည့်တဲ့ပလတ်စတစ်ခြင်း၊ဖရဲဘောင်အုပ် ပလတ် စတစ် စတဲ့ စက်ရုံတွေကို မြန်မာနိုင်ငံမှာ ပထမဦးဆုံးရင်းနှီးမြှုပ်နှံတည်ဆောက်ပြီးထုတ်လုပ်ရောင်းချခဲ့ပါတယ်။ရရှိသမျှ အကျိုးအမြတ်တွေကို ရင်းနှီးငွေအဖြစ်သာ ထားရှိပြီး တစ်ကြိမ်တစ်ခါမှခွဲဝေခြင်း မရှိခဲ့ပါဘူး။ ရင်းနှီးမြှုပ်နှံဖို့ ငွေထပ်လိုလို့ ကုမ္ပဏီရှယ်ယာဝင်တွေ ထပ်ပြီးငွေထည့်ရတာ အကြိမ်ပေါင်း မနည်းတော့ပါ။ထပ်ပြီးလာဖွင့်သမျှ ပွဲရုံတွေကို လက်ခံရင်းနဲ့ ဖရဲသီး၊ သခွားသီး ကားတွေလည်း တစ်နေ့တစ်ခြား များပြားလာလို့ ရောင်းကွင်းကြပ်ညပ်မှု ဖြစ်ပေါ် လာတဲ့အတွက်  ယခင်နေရာဟောင်းရဲ့ အရှေ့ ဘက်မှာရှိတဲ့     ကျောက်တောင်ကုန်းကြီးကို နမ့်ဟွယ်ရွာက မြေရှင်တွေနဲ့ ညှိနှိုင်းပြီး တစ်ရွာလုံး လောက်နီးပါး သဘောတူလို့ ကွင်းသစ် အတွက် စတင် အကောင်အထည် ဖော်ခဲ့ပါတယ်။နမ့်ဟွယ် ရွာအတွက် အများသုံး ၄၀ပေx ၇၀ပေ RC နှစ်ထပ်ခန်းမတစ်ခုကို သိန်းပေါင်း ၁၄၀ဝ ကျော်အကုန်ခံပြီးဆောက်လုပ်လှူဒါန်းခဲ့တဲ့အပြင်(၁၀၅) မိုင် ကျေးရွာအတွက်လိုအပ်နေတဲ့ မီးသတ်ကားတစ်စီးကိုလည်းဝယ်ယူလှူဒါန်း ခဲ့ပါတယ်။အဲဒီ တောင်ကုန်းမြေရဲ့ အများစုဟာ ဗြုံ းကျေ ာက်တွေ ဖြစ်ပြီး စိုက်ပျိုးလို့ မရတဲ့ မြေတွေပါ။ အရပ်စကား နဲ့ ပြောရရင် အလကားဖြိုပြီးယူပါ ဆိုရင်တောင် စိတ်ဝင်စားသူ မရှိလောက်တဲ့ ကျောက်တောင်ပါ။ လုပ်ငန်းစတော့ အများစုက ဒီကောင်တွေ တော် တော်မိုက်တဲ့ ကောင်တွေဆိုပြီး ဩဘာပေးခံခဲ့ရ တာပါ။ ရွာက မြေရှင်တွေနဲ့ ညှိပြီး သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ ပြည်နယ်အစိုးရ အဆင့်ဆင့်ကို တင်ပြပြီး ခွင့်ပြုမိန့်နဲ့ စီမံကိန်းလုပ်ခဲ့တာပါ။ဒီကွင်းသစ်ကြီးကို  တစ်နှစ်ပြီးတစ်နှစ် များပြားလာတဲ့ သစ်သီးပို့ကုန်အတွက် မရှိမဖြစ်လိုအပ်လို့ ကိုယ့်ဆီကပို့ကုန်တွေ အဆင်ပြေပါစေ ဆိုတဲ့ ရည်ရွယ်ချက်ပါ ရောထည့်ပြီး လုပ်ခဲ့တာပါ။စီးပွားတွက် တွက်ပြီးလုပ်မယ်ဆို တွက်ခြေမကိုက် နိုင်ပါဘူး။ကျောက်တောင်တွေကို ဖြိုချပြီး ထွက်လာတဲ့ မြေကွက်ရဲ့တန်ဖိုးဟာ ကုန်သွယ်ရေးဇုန် ထဲမှာရှိနေတဲ့ AA မြေကွက်တွေရဲ့ ကာလတန်ဖိုး ထက် တန်ဖိုးမြင့်သွားလို့ပါပဲ။  ဒီနေရာကို လုပ်ရခြင်းက မြေဧရိယာအကျယ် တစ်ဆက် တစ်စပ်တည်း ရနိုင်လို့ပါ။လက်ရှိ မြန်မာနိုင်ငံက သစ်သီးတွေကို လာရောက် ဝယ်ယူတာ တရုတ်နိုင်ငံရဲ့ ဒေသအစုံ ကပါ။ နိုင်ငံတကာ မျက်နှာစာမှာ ရောင်းချခြင်းဖြစ်တဲ့အတွက် ရောင်းချတဲ့နေရာမှာ လွယ်ကူ မြန်ဆန်ဖို့ လိုအပ်သလို ခမ်းနားကြီးကျယ်တဲ့ ပုံရိပ်ရှိဖို့လည်း လိုအပ်ပါတယ်။ နောင်အနာဂတ်မှာဖြစ်လာမယ့်အခြေအနေတွေကိုလည်း ကြိုတင် တွက်ဆထားရပါမယ်။ငွေရေးကြေးရေးအကျိုး အမြတ် တစ်ခုထဲနဲ့သာ တွက်ပြီး လုပ်မယ်ဆိုရင်ဒီလောက်ခမ်းနားကြီးကျယ်အောင် မလုပ်လည်း ရနိုင်မှန်းကုမ္ပဏီက သိထားပါတယ်။အရှေ့မြောက် တံခါး ကုမ္ပဏီက လက်ဝါးကြီးအုပ်မယ်ဆိုတဲ့ စိတ် ထားမျို းရှိရင် လက်ရှိ ဇုန်ထဲက သစ်သီးပွဲရုံတန်းမှာ မြေကွက်လွတ်လုံးဝမရှိတော့တဲ့အချိန်ကတည်းကပွဲရုံဖွင့်ခွင့်တံခါးပိတ်ထားလို့ ရခဲ့ပါတယ်။သစ်သီးကုန်စည်ဒိုင်ဆိုတာကလည်း အရှေ့ မြောက်တံခါး ကုမ္ပဏီလုပ်ပြီး  နောက်ပိုင်းမှပဲ  အရှေ့မြောက်တံခါး  အဖွဲ့ဝင်တွေကပဲ ကမကထလုပ်ပြီး ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။ကွင်းကြေး ကောက်ခံခြင်းနဲ့ ပတ်သက်ပြီးတော့ လည်း အပြင် ပွဲရုံတွေ တစ်ရုံမှ မရှိသေးတဲ့အချိန်၊ စပြီးတည် ထောင်ကတည်းက ကိုယ့်ကွင်းထဲ ကိုယ်ရောင်း ကိုယ့်ကွင်းကြေး ကိုယ်ပေးခဲ့ကြပြီး အခု လက်ရှိ အချိန်ထိလည်း ကွင်းကြေးကို အားလုံးနဲ့ တစ်ပြေး ညီ ပေးဆောင်ပြီး တန်းတူညီမျှ စနစ်နဲ့သာ ရောင်း ချနေကြတာပါ။ ကုမ္ပဏီ အဖွဲ့ဝင်ပွဲရုံပဲ ဆိုပြီးတော့ကွင်းထဲ ရောင်းချတဲ့နေရာမှာ အခွင့်ထူးဝင်ယူခြင်းမျိုး လုံးဝမရှိခဲ့သလိုနောင်လည်းရှိမှာမဟုတ်ပါ ဘူး။   စည်းကမ်းလိုက်နာခြင်းဟာ ကုမ္ပဏီရဲ့ အသက်ပဲဆိုတာ အားလုံးက လက်ခံထားကြပါ တယ်။လက်ဝါးကြီးအုပ်ဆိုတဲ့ အသုံးအနှုန်းရယ် ကွင်းကြေးဆိုတာရယ် ပြောသံကြားလို့ ဒီစာကို ရေးရခြင်းဖြစ်ပါတယ်။ ပြောသံကြားလို့သာ ကွင်း
ကြေးနဲ့ပတ်သက်ပြီး တွေးမိတော့တယ်။ ကျွန်တော့် ဖရဲသီးကား ဝင်သလောက် ကျွန်တော်လည်း ကွင်း ကြေး ပေးခဲ့ရတာပါပဲ။ ဆယ်နှစ်ကျော်ကြာအောင် ပေးခဲ့ကြပေမယ့်လည်း အခုထက်ထိ ကုမ္ပဏီက အစုရှယ်ယာရှင်တွေကို ကွင်းကြေးရတဲ့အထဲက တစ်ပြားတစ်ချပ်မှ ပြန်ပြီး ခွဲဝေပေးခြင်း မရှိသေး တဲ့အပြင် ရင်းနှီးဖို့ ငွေလိုရင်  ထပ်ထည့်ခဲ့ရတာ အကြိမ်ရေ မနည်းတော့ပါ။ အရှေ့မြောက်တံခါး ကုမ္ပဏီရဲ့အာရုံဟာ မြန်မာနိုင်ငံက တင်ပို့ရောင်းချ တဲ့ သစ်သီးမျိုးစုံ ရောင်းကွင်းကြီး သစ်သီးနယ်ပယ် တစ်ခုလုံးအတွက်အဆင်ပြေချေ ာမွေ့စေပြီးနိုင်ငံတကာပုံရိပ်မှာတင့်တယ်စေရမယ်။ဒီလုပ်ငန်းကြီးထဲမှာလည်းသစ်သီးပို့ကုန်လုပ်ငန်းနဲ့ ပတ်သက် ဆက်နွယ်နေသူအားလုံး ပူးပေါင်းပါဝင်ပြီး ဒီလုပ်ငန်းကြီရေရှည်မှာရပ်တည်ရှင်သန် တိုး တက်သွားနိုင်ဖို့  ညီညွတ်သော စုပေါင်းအားနဲ့ တရားမျှတမှုရှိစွာ ဦးဆောင်မှု ပေးရင်း အားလုံးကို လက်တွဲပြီး ဖော်ဆောင်သွားပါမယ်။  ငွေရေး ကြေးရေး အမြတ်အစွန်းကိုချည်းပဲ ဦးတည်လုပ် ဆောင်နေခြင်း မဟုတ်ပါ။ရှေ့လာမယ့် အနာဂတ်မှာ သစ်သီးပို့ကုန်ရဲ့ အရည်အသွေးဟာ အရေးအပါဆုံးဖြစ်လာမှာဖြစ်တဲ့အတွက်သရက်သီးစွပ်အိတ်စက်ရုံ၊သရက်သီး၊သခွားသီးစွပ်ဖော့စက်ရုံ၊သရက်သီးခြင်းစက်ရုံ၊ဖရဲသီးဘောင်အုပ်ပလတ်စတစ်စက်ရုံတွေကိုတည်ဆောက်လည်ပတ်နေပြီးနောက်ထပ်လိုအပ်လာမယ့်သစ်သီးထုတ်ကုန်အရည်အသွေး မြင့် အထောက်အကူပြု ပစ္စည်းတွေကို ထုတ်လုပ် နိုင်ဖို့ကိုလည်း ဆက်လက် ရင်းနှီးမြှုပ်နှံသွားမှာပါ။သစ်သီးပို့ကုန်လုပ်ငန်း နိုင်ငံတကာနဲ့ရင်ဘောင်တန်းပြီးဖွံ့ဖြိုးသထက်ဖွံ့ဖြိုးလာအောင်ရင်းနှီးမြှုပ်နှံပြီးလုပ်ဆောင်နေတာဟာအရှေ့မြောက်တံခါးကုမ္ပဏီရဲ့အဓိကရည်မှန်းချက်ဖြစ်ပြီးငွေကြေးအကျိုးအမြတ်အဓိကမဟုတ်ဘူးဆိုတာကုမ္ပဏီရဲ့သက်တမ်းတစ်ဆယ့်တစ်နှစ်အတွင်းမှာ တစ်ခါမှငွေကြေးအကျိုးအမြတ်ခွဲဝေယူခြင်းမျိုးမရှိဘဲငွေကြေးထပ်မံထည့်ဝင်ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေရတဲ့အချက်တစ်ခုတည်းနဲ့တင် ပေါ်လွင်နေ ပါတယ်။ရှေ့လာမယ့် အနာဂတ် ကာလမှာ မြန်မာ နိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့ရောင်းချနေတဲ့သစ်သီးပို့ကုန်လုပ်ငန်း ရေရှည်ခိုင်မာစွာရပ်တည်နိုင်ပြီးပိုမိုဖွံ့ဖြို းတိုးတက်လာနိုင်ဖို့နဲ့တရားမျှတစွာရောင်းချနိုင်ဖို့သစ်သီးလုပ်ငန်းနဲ့ပတ်သက်တဲ့အဝန်းအဝိုင်းထဲက လူများအားလုံးရဲ့ ပူးပေါင်း ပါဝင်မယ့် အင်အားကို အရှေ့မြောက်တံခါးကုမ္ပဏီ က နွေးထွေးစွာ ကြိုဆိုနေတဲ့အကြောင်း အသိပေး အပ်ပါတယ် ခင်ဗျား။
( စိုင်းမြင့် ဗိုလ်) ]

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General