ယမန်နှစ်ကာလတူထက်ပဲမျိုးစုံအမေရိကန်ဒေါ်လာ ၁၇၁ သန်းကျော်ဖိုးပိုမိုတင်ပို့

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်စ ဧပြီ ၁ ရက်မှ အောက်တိုဘာ ၇ ရက် အထိ ပို့ကုန်တင်ပို့နိုင်မှုမှာ အမေရိကန်ဒေါ်လာ  ၅၉၃၅ ဒသမ ဝဝ၉ သန်းဖြစ်ပြီး ယမန်နှစ်ကာလတူက တင်ပို့နိုင်မှုမှာ  အမေရိကန်ဒေါ်လာ ၅၆၅၉ ဒသမ ၈၁၂ သန်းဖြစ်တဲ့အတွက် ကာလတူ ထက် အမေရိကန်ဒေါ်လာ ၂၇၅ ဒသမ ၁၉၇ သန်းဖိုး ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။ ပိုမိုတင်ပို့နိုင်တဲ့ပစ္စည်း များမှာလယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန် ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနဲ့ အခြားပစ္စည်းများ ဖြစ်ပါတယ်။ လယ်ယာထွက်ကုန်ပစ္စည်းတန်ဖိုးပိုမိုရခြင်းမှာ ပဲအမျိုးမျိုးနှင့်နှမ်း တင်ပို့မှု တန်ဖိုးပိုမိုခဲ့ပြီး ပဲအမျိုးမျိုး တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲယင်း၊ ပဲကြီး၊ ပဲကတ္တီပါ(စွန်တာနီ/ပြာ)၊ ပဲဖြူလေး၊ ဘိုကိတ်ပဲနဲ့ မြေပဲဆန်တို့ တင်ပို့မှု တန်ဖိုးပိုမိုခဲ့တဲ့အတွက်ဖြစ်ပါတယ်။ ပဲအမျိုးမျိုးတင်ပို့မှုမှာ ဘဏ္ဍာ နှစ်စမှ အောက်တိုဘာ ၇ ရက်အထိ အမေရိ ကန်ဒေါ်လာ ၈၇၂ ဒသမ  ၃၄၈သန်း ဖိုးတင်ပို့ပြီး  ယမန်နှစ်ကာလတူက အမေရိကန်ဒေါ်လာ ၇၀ဝဒသမ ၇၆၃ သန်းဖိုးသာ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုနှစ်မှာ အမေရိကန် ဒေါ်လာ ၁၇၁ ဒသမ ၅၈၅ သန်းတန်ဖိုးပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။
ယဉ်ယဉ်အေး

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General