အောက်တိုဘာပထမပတ်အတွင်း ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၆၇ သန်းကျော်ရှိ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက် မှ ၇ ရက်အတွင်း ပို့ကုန်တင်ပို့နိုင်မှု အခြေအနေမှာ အမေရိကန်ဒေါ်လာ ၃၆၁ ဒသမ ၆၆၇ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂၉၄ဒသမ ၅၂၅ သန်းရရှိတဲ့ အတွက် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၆၅၆ ဒသမ ၁၉၂ သန်းဖြစ်ပါတယ်။ ကုန်သွယ်မှုပိုငွေမှာ အမေရိကန် ဒေါ်လာ ၆၇ ဒသမ ၁၄၂ သန်းဖြစ်ပြီးထိုသို့ပိုမိုရခြင်းမှာ ချုပ်ပြီးအထည်နဲ့ သဘာဝဓာတ်ငွေ့တင်ပို့မှု ပိုမိုခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ ရက်သတ္တပတ်အတွင်း ပင်လယ် ရေကြောင်းကုန် သွယ်မှုမှ  ပို့ကုန်အမေရိကန်ဒေါ်လာ ၁၂၃ ဒသမ၇၆၉သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၂၃၄ ဒသမ ၅၅၂သန်း ရရှိတဲ့အတွက် ကုန်သွယ်မှုလိုငွေမှာ အမေရိ ကန် ဒေါ်လာ ၁၁၀ ဒသမ၇၈၃သန်းဖြစ်ပါတယ်။ကုန်သွယ်ရေးစခန်းများမှတစ်ပတ်အတွင်း  ပို့ကုန်အမေရိ ကန်ဒေါ်လာ  ၂၃၇ ဒသမ ၈၉၈ သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ ၅၉ ဒသ၉၇၃ သန်းရရှိတဲ့အတွက် ကုန်သွယ်မှု ပိုငွေ ၁၇၇ ဒသမ ၉၂၅သန်းဖြစ်ပါတယ်။ ဒါကြောင့် ကုန်သွယ်မှုနှစ်ရပ်လုံးအတွက် ကုန်သွယ်မှု ပိုငွေမှာ ၆၇ ဒသမ ၁၄၂ သန်းဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် ဧပြီ ၁ရက်မှ အောက်တိုဘာ ၇ ရကအထိ ပို့ကုန်တင်ပို့နိုင်မှုမှာ  ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၃၆၆၉ ဒသမ ၉၂၄သန်း၊ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၂၂၆၅ ဒသမ ဝ၈၅ သန်းနဲ့ပို့ကုန်စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၉၃၅ ဒသမဝဝ၉ သန်းဖိုး တင်ပို့နိုင်ပါတယ်။ သွင်းကုန်တင်သွင်းနိုင်မှုမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ၆၂၆၇ဒသမ၄၇သန်း၊ကုန်သွယ်ရေးစခန်းများမှအမေရိကန်ဒေါ်လာ၁၄၀၄ဒသမ၆၅၆သန်းစုစုပေါင်းအမေရိကန်ဒေါ်လာ ၇၆၇၂ ဒသမ ၁၃၁ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့်ကုန်သွယ်မှုပမာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၁၃၆၀၇ ဒသမ ၁၄ သန်းဖြစ်ပါတယ်။ ယဉ်ယဉ်အေး
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General