ယခုဘဏ္ဍာနှစ်အတွင်း အောက်တိုဘာ ၇ ရက်အထိဆန်နဲ့ဆန်ကွဲ တင်ပို့မှု တန်ချိန် ငါးသိန်းကျော်ရှိ

မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အောက်တို ဘာ ပထမပတ်ဖြစ်တဲ့ ၁ရက်မှ ၇ရက်အတွင်း အမေရိကန် ဒေါ်လာ၂ ဒသမ ၁၉၁ သန်းတန်ဖိုးရှိ ဆန် ၅၇၁၆တန်ခန့် တင်ပို့ခဲ့ပါတယ်။ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် တန် ၈၅၀ နဲ့ဧည့်မထဆန် ၄၂၆၂ တန်နီးပါး ချင်းရွှေ ဟော် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၂၈၇ တန်ကျော်၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန်   ၃၁၇ တန် တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက တန် ၂၀ဝဝ ကျော် လျော့နည်းခဲ့ကြောင်း သိရှိရပါ တယ်။ရက်သတ္တပတ်အတွင်းမူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၅၅၉ သန်း တန်ဖိုးရှိ ဆန်ကွဲ ၁၇၁၉ တန်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ အမေ ရိကန်ဒေါ်လာ သုညဒသမဝ၃၆သန်း တန်ဖိုးရှိ ဆန်ကွဲတန် ၁၁၀ တင်ပို့ခဲ့ရာ မူဆယ်နဲ့လွယ်ဂျယ် နှစ်ရပ်ပေါင်းတင်ပို့မှုသည် ၁၈၂၉ တန်ဖြစ်ပြီး ယခင်တစ်ပတ် တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ၃၄၉တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ပင်လယ်ရေကြောင်းကုန်သွယ်မှုမှအောက်တိုဘာ ၂ရက်မှ ၈ရက်အတွင်း ကိုလံဘီယာနိုင်ငံသို့ အမေရိကန် ဒေါ်လာ၃၀၇၅၀ဖိုးရှိ ဇီယာ ၅မှတ် ဆန် ၇၅ တန်နဲ့ အမေရိကန် ဒေါ်လာ ၃၉၈၇၂ဖိုးရှိဇီယာ ၂၅ မှတ် ဆန် ၁၂၅ တန်ခန့်ကို စင်္ကာပူနိုင်ငံသို့ တင်ပို့ခဲ့ရာ စုစုပေါင်းဆန်တင်ပို့မှု တန် ၂၀ဝ ခန့်ရှိခဲ့ပါတယ်။စင်္ကာပူနိုင်ငံသို့ ဆန်သာမကအမေရိကန် ဒေါ်လာ သုည ဒသမ ၁၃၇သန်းဖိုးရှိ ဆန်ကွဲတန် ၅၀ဝ ကို လည်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်က ပင်လယ်ရေ ကြောင်းမှ ဆန်ရောဆန်ကွဲပါ တင်ပို့မှုမရှိခဲ့ပါဘူး။ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၇ရက် အထိ ဆန်နဲ့ဆန်ကွဲ  နှစ်ရပ်ပေါင်းတင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၁၈၀ ဒသမ ၉၃၄ သန်း တန်ဖိုးနဲ့ တန်ချိန်မှာ၅၂၄၅၄၅ ကျော် ဖြစ်ပါတယ်။  ဆန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၄၂ဒသမ ၃၉၇ သန်းနဲ့ ၃၉၄၁၀၁ တန်ဖြစ်ပြီး ဆန်ကွဲတင်ပို့မှု မှာ အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၅၃၇ သန်းနဲ့ ၁၃၀၄၄၄ တန်ကျော် ဖြစ်ပါတယ်။                                     ယဉ်ယဉ်အေး
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General