ပြည်ဆန်၊စပါး ဈေးဆက်ကျပြီး ကောက်စောစပါးဈေးကွက်စဝင်
                                                    
                ယခုအောက်တိုဘာ ဒုတိယပတ်အတွင်း ဆန်၊စပါးဈေးတွေ ဆက်တိုက်ကျဆင်းလာပါတယ်။ ကောက်စောစပါး လည်း ဈေးကွက်သို့ စတင်ဝင်ရောက်လာပြီဖြစ်ပါတယ်။ ဈေးကွက်ဝင်ကောက်စောစပါး အရောင်းအဝယ်မှာလည်း နယ်ဝယ်လက်အဆွဲရှိလို့ အရောင်းအဝယ်ဖြစ်ကြောင်းလည်းသိရပါတယ်။ ယခုတစ်ပတ် တောင်ပျံမွှေးစပါးဈေး တင်း (၁၀ဝ) ၄၆ပေါင် ကိုက်ဈေး၇၈၅၀ဝဝ ကျပ် ဈေးသာရှိပြီး ဆန်တစ်အိတ်ဈေး ၃၂၅၀ဝ ကျပ်ဖြစ်ပါတယ်။ ဧည့်မထ စပါး ဟောင်းမှာ ၄၇၀ဝဝဝ ကျပ်နှင့် ဆန် (ဟောင်း) တစ်အိတ်ဈေး ၁၈၀ဝဝ ကျပ်၊ ဧည့်မထ(မိုးစပါး)အသစ်ဈေး ၃၅၀ဝဝ ကျပ်နှင့် ဆန်တစ်အိတ်ဈေး ၁၅၀ဝဝ ကျပ် ဈေးပေါက်ကြောင်း သိရပါတယ်။ ကောက်စောဧည့်မထ (အသစ်) မိုးဆန်များ ကို ရန်ကုန်နှင့် မန္တလေးများသို့ တစ်ရက်ခြား၊နှစ်ရက်ခြား ကား ၂ တွဲ (အိတ် ၇၀ဝ ဆံ့) တင်ပို့ကာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ နီနီဝင်း
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General