Myanmar Water 2016 & Renewable Energy Myanmar 2016 ပြပွဲ ပြသမည်

Myanmar Water 2016 & Renewable Energy Myanmar 2016   ပြပွဲကို ရန်ကုန်မြို့၊ ရှင်စောပုလမ်းရှိ Myanmar Event Park တွင် အောက်တိုဘာ ၂၀ ရက်မှ ၂၂ ရက် အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။Myanmar Water 2016 & Renewable Energy Myanmar 2016  တွင် ရေနှင့်ရေဆိုးစီမံဖြေရှင်းမှု နည်းပညာ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် စွမ်းအင်ပြည့်ဝနည်းပညာ စသည့် စာတမ်းဖတ်ပွဲတို့ကိုပါ  ထည့်သွင်းကျင်းပမည်ဖြစ် ကြောင်း သိရသည်။အဆိုပါပြပွဲသို့  နိုင်ငံပေါင်း၁၆ နိုင်ငံရှိ ကုမ္ပဏီပေါင်း ၁၅၀ ကျော်မှ လုပ်ငန်းကျွမ်းကျင်သူများ၊ ရေနှင့် ရေဆိုး စီမံ ဖြေရှင်းမှု ကျွမ်းကျင်ပညာရှင်များ၊ အကြံပေးပုဂ္ဂိုလ်များနှင့်ကန်ထရိုက်တာများ စသည့်ပုဂ္ဂိုလ်များ  လာရောက်ကြမည် ဖြစ်သည်ဟုဆိုသည်။]မြန်မာနိုင်ငံရဲ့  စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံ သားများရဲ့ စားဝတ်နေရေးကောင်းမွန်စေဖို့ကတိကဝတ်ထားပြီးတော့MyanmarWater2016က ရေရှည်တည်တံ့တဲ့အနာဂတ်ရေအရင်းအမြစ်ဆီသို့ မြန်မာနိုင်ငံကိုခေါ်ဆောင် သွားဖို့ဆိုတဲ့ ရှင်းလင်းတဲ့ရည်ရွယ်ချက်နဲ့အတူ ရေနှင့်ရေဆိုး စနစ်နဲ့ဆိုင်တဲ့ ဆန်းသစ်တဲ့ ဖြေရှင်းမှုတွေရေသန့်စင်ဘေးကင်း ဖို့အတွက် အနာဂတ်စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အထူးစီစဉ် ထားတာပါ}}ဟု  UBM Asia (ASEAN စီးပွားရေး)၏ အုပ်ချုပ် မှုဒါရိုက်တာဖြစ်သူ Mr.Gandhi က ပြောကြားခဲ့သည်။အဆိုပါပြပွဲသည်   ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နှင့် စွမ်းအင်ပြည့်ဝရေး အဖြေများနှင့် အသစ်တီထွင်မှု အဝန်း အဝိုင်းပေါ် တစ်မူထူးခြားရှင်းလင်းစွာ အချက်အချာထား သည့်  B2Bပြပွဲတစ်ခုဖြစ်သည်။ယခုကျင်းပမည့် ပြန်လည်သုံး  စွမ်းအင်ပြပွဲတွင် မြေ ဆီလွှာသုံးစွမ်းအင်၊စွန့်ပစ်စွမ်းအင်၊ လောင်စာဆီ၊သဘာဝဓာတ်ငွေ့၊ နေရောင်ခြည်သုံးစွမ်းအင်၊ လေနှင့်ရေအားလျှပ်စစ်စွမ်းအင်တို့ပါဝင်သည့် နောက်ဆုံးပေါ်နည်းပညာများကို ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General