မူဆယ်နဲ့ မြဝတီမှ ကြက်သွန်နီ ပိုမိုတင်ပို့ပြီး တာချီလိတ်မှ လျော့နည်း

စက်တင်ဘာ နောက်ဆုံးပတ်တွင် မြန်မာ - တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁၂၂၂၅၀ သန်း တန်ဖိုးရှိ ကြက် သွန်နီ တန်၇၅၀ ကိုလည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန် သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁၃၆၅၁၅ တန်ဖိုးရှိ ကြက်သွန်နီ ၄၆၅ တန်ကျော် ကိုလည်း ကောင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်မှာ မူဆယ်မှ ၆၂၈တန်နဲ့ မြဝတီမှ ၃၁၄တန် တင်ပို့ခဲ့လို့ ယခုတစ်ပတ် မူဆယ်နဲ့ မြဝတီမှ ကြက်သွန်နီ ပိုမိုတင်ပို့လာ တာ တွေ့ရပါတယ်။ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၅၈၀ဝ၀ တန်ဖိုးရှိ ကြက်သွန်နီ ၄၀ဝ နဲ့ အမေရိကန်ဒေါ်လာ ၇၅၈ ဝ၀ တန်ဖိုးရှိ ကြက်သွန်ဖြူ တန်၄၀ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က ကြက်သွန်နီ တန်၅၀ဝနဲ့ ကြက်သွန်ဖြူ တန် ၆၀ တင်ပို့ခဲ့တာကြောင့် တာချီလိတ်မှ ကြက်သွန် တင်ပို့မှုမှာ ယခုတစ်ပတ်တွင် လျော့နည်းခဲ့ပါ တယ်။ စက်တင်ဘာတစ်လလုံး မူဆယ်မှ ကြက်သွန်နီ တန်နှစ်ထောင်ကျော်၊ မြဝတီ မှ တန် ၁၅၀ဝ တင်ပို့ခဲ့ပြီး၊ တာချီလိတ် မှ ကြက်သွန်နီ တန် ၁၈၀ဝ နဲ့ ကြက်သွန်ဖြူ ၁၃၅ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General