ပရဆေးကုန်ကြမ်းပိုမိုတင်ပို့

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှ စက်တင်ဘာ တတိယပတ်အတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ၆၇၂ သန်းတန်ဖိုးရှိ ပရ ဆေးကုန်ကြမ်း အမယ် ၁၉မျိုးကို တန်ချိန်ရှစ်ရာကျော် တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ ခဲ့တဲ့ ပရဆေးအမယ်တွေကတော့ တောချင်း၊ ချင်းခြောက်၊ ဝဥခြောက်၊ ဆီးသီး ခြောက်၊ ဆီးဆန်၊ ဆီးခွဲခြမ်း၊ မိကျောင်းကွမ်းဖတ်စေ့၊ကြောင်ပန်းစေ့၊ ခပေါင်းစေ့၊ နေလဲစေ့၊ ကွမ်းသီးခွံ၊ ကွမ်းစားဂမုန်း၊ စမုံနက်၊ နနွင်းတက်၊ နနွင်းခေါင်း၊ မုတ်ခါး၊ ဆေးမြင်းခွာ၊ ဒရင်ကောက်မြစ်နဲ့ ချဉ်ပေါင် ဖာလာတို့ဖြစ်ပါတယ်။ယခင်တစ်ပတ်က တန် ၅၀ဝ နီးပါး တင်ပို့ခဲ့လို့ ယခုတစ်ပတ် ပရဆေးကုန်ကြမ်းတန် ၃၀ဝ ခန့် ပိုမိုတင်ပို့လာတာတွေ့ရပါတယ်။ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ ၂၃၄၅၀ တန်ဖိုးရှိ ကြက်ဆူစေ့ ၃၃ တန်ခွဲ တင်ပို့ခဲ့ ပါတယ်။ မြန်မာနိုင်ငံမှ ပရဆေး ကုန်ကြမ်းတွေကို တရုတ်နိုင်ငံ၌ တိုင်းရင်းဆေးဖော်စပ်ရာမှာ အဓိကအသုံးပြုကြပြီး၊တချို့ကုန်ကြမ်းတွေကိုတော့ ဟင်းခတ်အမွှေးအကြိုင် ပြုလုပ်ရာမှာလည်းကောင်း၊ စားသောက်ဆိုင်လုပ်ငန်းများတွင် ထည့် သွင်းအသုံးပြုရာမှာလည်းကောင်း လိုသလိုအသုံးပြုတယ်လို့ သိရပါတယ်။ မြန်မာ-အိန ́ိယနယ်စပ်ရှိ ရိဒ်ကုန်သွယ်ရေးစခန်း ကတော့ အမေရိကန်ဒေါ်လာ သုည ဒသမ ဝဝ၄ သန်းတန်ဖိုး ရှိ တောင်လုံးကျော် တန်ဝက်နီးပါး
တင်သွင်းခဲ့ပါတယ်။                                                
မော်မော်အောင်

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General