အိန ́ိယနယ်စပ်မှ ကွမ်းသီးတန်တစ်ထောင် တင်ပို့

စက်တင်ဘာ   ၁၇ရက်မှ ၂၃ ရက်သီတင်းပတ် အတွင်း မြန်မာ-အိန ́ိယနယ်စပ် မှ အိန ́ိယနိုင်ငံသို့ အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၂၃၀ သန်းတန်ဖိုးရှိ ကွမ်းသီးတန် ၁၂၀ဝကျော်ကိုတင်ပို့ခဲ့ပါတယ်။ စက်တင်ဘာ ဒုတိယ ပတ်က ကွမ်းသီးတန် ၆၈၈ ကျော်သာ တင်ပို့ခဲ့တာမို့ ယခုတစ်ပတ်မှာ တန် ၆၀ဝ ပိုမိုတင်ပို့နိုင်တယ်လို့ ကုန် သွယ်ရေးစခန်းမှသိရပါတယ်။တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၆၈၅ သန်း တန်ဖိုးရှိ ကွမ်းသီးတန် ၆၀ဝ ကျော်နဲ့ ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၄၅ သန်းတန်ဖိုးရှိကွမ်းသီးတန် ၆၀ဝ အသီးသီး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် မှာ တမူးကုန်သွယ်ရေးစခန်းမှရော  ရိဒ်ကုန်သွယ်ရေး စခန်းကပါ ပိုမိုတင်ပို့နိုင်တဲ့အတွက် ကွမ်းသီးတင်ပို့မှုပိုမိုရခြင်းဖြစ်တယ်လို့ သတင်းရရှိပါတယ်။        
ခင်မိုးသူ

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General