မြေဩဇာတန်ချိန်ကိုးထောင်ကျော်ဝင်

စက်တင်ဘာ ၁၈ ရက်မှ ၂၄ ရက် သီတင်းပတ်အတွင်းကန်ဒေါ်လာ ၅၂၉၇၄၆၀ တန်ဖိုးရှိ မြေဩဇာ ၉၃၄၄ ဒသမ ၆၆၂ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်း မှ တင်သွင်းခဲ့တယ်လို့သိရပါတယ်။  ဒီတစ်ပတ် တရုတ်နိုင်ငံမှ ၃၁၂၆ ဒသမ ၄၅၆ တန်၊ ဂျာမနီမှ တန်၅၀ဝ၊ ကိုရီးယားမှ ၅၂၈ ဒသမ ၈ တန်၊ရုရှားမှ ၁၀၆၃ ဒသမ ၂၄ တန်၊ ထိုင်းနိုင်ငံမှ ၁၁၅၃ တန်၊ယူအေအီးမှ
၁၀၅၄ ဒသမ ၈၃တန်၊ အမေရိကန်မှ သုည ဒသမ ၁၈၅ တန်နဲ့ ဗီယက်နမ်မှ ၁၉၁၈ ဒသမ ၁၅၁တန် တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ အမျိုးအစားများမှာ ကွန်ပေါင်း၊ယူရီးယား၊ ဓာတ်ဆား၊ဖလော်လာနဲ့နိုက်တြိုဂျင်တို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ်  မြေဩဇာ တင်သွင်း မှုမှာ တန်ချိန် ၉၁၂၀ ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် ၂၂၀ ကျော်
ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General