ရက်သတ္တပတ်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်နဲ့ဆန်ကွဲ ပိုမိုတင်ပို့

မြန်မာ - တရုတ် နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ စက်တင်ဘာ ၁၀ရက်မှ ၁၆ရက် ကာလအတွင်း အမေရိကန် ဒေါ်လာ ၃ ဒသမ ၁၂၆ သန်းဖိုးရှိ ဆန်တန်ချိန် ၈၅၄၉ တန်ကျော် တင်ပို့ခဲ့ရာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၄၀၇၂တန်၊ ဧည့်မထဆန် တန်၅၀ဝ၊ ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှ ငစိန် ဆန် ၁၁၂တန်ကျော်နဲ့ လွယ် ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၃၈၆၅တန်ကျော်တင်ပို့ခဲ့ပါတယ်။ယခင်တစ်ပတ် မြန်မာ့ဆန်တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ၁၆၅၈တန် လျော့နည်းခဲ့ ကြောင်း သိရှိရပါတယ်။ ယခုတစ် ပတ်မှာ အမေရိကန်ဒေါ်လာသုညဒသမ၄၉၁သန်းဖိုးရှိဆန်ကွဲ၁၅၀၉တန်ခန့်ကိုမူဆယ်မှ၁၁၇၈တန်နဲ့ လွယ်ဂျယ်မှ၃၃၁တန်စီတင်ပို့ခဲ့ပါတယ်။ယခင်တစ်ပတ်တင်ပို့မှုထက် ၂၅၃တန် လျော့နည်းခဲ့ပြီး၊ ယခု တစ်ပတ်မှာ ကုန်သွယ်ရေး
စခန်းများမှ ဆန်ရော ဆန်ကွဲပါ တင်ပို့မှုလျော့ကျခဲ့ပါ တယ်။
ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိကာလအတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၄၆၆သန်းဖိုးရှိ ဆန်ဖြူနဲ့ ပေါင်းဆန် ၁၁၇၅တန် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်တင်ပို့မှုထက် ၉၈၇တန် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံသို့ ဧည့်မထဆန် တန်၇၅၀၊ ဂျာမနီနိုင်ငံသို့ ပေါင်းဆန် ၁၇၅ တန်၊ စပိန်နိုင်ငံသို့ ပေါင်းဆန် တန်၂၅၀  တင်ပို့ခဲ့ပါတယ်။ ဆန်အပြင် အမေရိကန် ဒေါ်လာ သုညဒသမ ၃၉၆သန်းဖိုးရှိ ဆန်ကွဲ ၁၄၂၅ တန်ကို မလေးရှားနိုင်ငံသို့ တန် ၁၀ဝ၊ စင်ကာပူနိုင်ငံသို့ ၃၂၅တန်နဲ့ အီးယူနိုင်ငံများသို့ တန် ၀ဝဝ တင်ပို့ခဲ့ပါတယ်။
ယခုတစ်ပတ်မှာ ဆန်ကွဲတင်ပို့မှု ၁၃၆၃တန် ပိုမိုတင်ပို့နိုင်ပြီး၊ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်ရော ဆန်ကွဲပါ ပိုမိုတင်ပို့နိုင်ကြောင်းသိရှိရပါတယ်။ယခုဘဏ္ဍာနှစ်စဧပြီ၁ရက်မှစက်တင်ဘာ၁၆ရက်အထိအမေရိကန်ဒေါ်လာ၁၆၈ဒသမ၈၄၆သန်း တန်ဖိုးရှိဆန်နဲ့ဆန်ကွဲ နှစ် ရပ်ပေါင်း တန်ချိန် ၄၉၀၅၃၃ ကျော် တင်ပို့ခဲ့ပါတယ်။  အမေရိကန်ဒေါ်လာ ၁၃၂ဒသမ ၁၈၆သန်း တန်ဖိုးရှိ ဆန် တန်ချိန် ၃၆၆၁၇၂ တင်ပို့နိုင်ခဲ့ပြီး၊ ယမန်နှစ်ကာလတူထက် ၉၆၈၂၃တန် လျော့ နည်း တင်ပို့ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၃၆ဒသမ ၆၆သန်း တန်ဖိုးရှိ ဆန်ကွဲ တန်ချိန် ၁၂၄၃၆၁ ကျော် တင်ပို့နိုင်ခဲ့ပြီး ကာလတူထက် ၉၅၀၅၉ တန် လျော့နည်း တင်ပို့ခဲ့ကြောင်း သိရှိရပါတယ်။  
ယဉ်ယဉ်အေး

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General