မြဝတီမှလည်း နှမ်းနက်ပြန်လည်တင်ပို့

မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၃၄၅၆ တန်ဖိုး ရှိ နှမ်းနက် ၃၁ တန်ကျော် တင်ပို့ခဲ့ပါ တယ်။ဇူလိုင်လကုန်ပိုင်းက နှမ်းနက် ၃၁ တန်ကျော်တင်ပို့ခဲ့ပြီး ယခုတစ်ပတ် အတွင်းတွင်မှ ပြန်လည်တင်ပို့ခဲ့ခြင်း ဖြစ်ပါတယ်။ တာချီလိတ် ကုန်သွယ်ရေးစခန်းကတော့ယခင်တစ်ပတ်က နှမ်း ဖြူ တန် ၁၀ဝ တင်ပို့ခဲ့ပြီး ယခု ရက်သတ္တပတ်မှာတော့ နှမ်းတင်ပို့မှု မရှိခဲ့ပါဘူး။ ပုံမှန်တင်ပို့နေကျ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းကတော့ အမေရိကန် ဒေါ်လာ၃ ဒသမ ၅၉၅ သန်း တန်ဖိုးရှိ နှမ်းရောင်စုံ ၂၈၂၄တန်ကျော် တင်ပို့ နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နှမ်းရောင်စုံ များ မှာ နှမ်းဖြူ ၆၇၁ တန်ကျော်၊ နှမ်းနက် ၂၀၉၄ တန်ကျော်နဲ့ နှမ်းညို ၅၈တန်ခန့်ဖြစ်ပါတယ်။မူဆယ်ကုန်စည်ဒိုင်မှာစက်တင်ဘာ ၁၀ရက်မှ ၁၆ ရက်အ တွင်း နှမ်း ဖြူ တစ်တန်(မိမိဘက်ပေါက်ဈေး) ၁၂၆၂၃၈၅ ကျပ်နဲ့ နှမ်းနက်(စမုံ) ဈေး ၂၃၆၃၃၀၃ ကျပ် ရှိတယ်လို့ သိရပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General