သြဂုတ်နှင့် စက်တင်ဘာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂၁ ခု နှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ခုနစ်ခုတို့ကို ခွင့်ပြုပေးခဲ့

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့်သြဂုတ်နှင့်စက်တင်ဘာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၂၁ခု နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခုနစ်ခုတို့ကို ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် စက်တင်ဘာလ ၁၅ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်း ပွဲမှ သိရသည်။သြဂုတ် ၂၆ ရက်က ပြုလုပ်ခဲ့ သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော် မရှင်၏ ၁၆/၂၀၁၆အစည်းအဝေးတွင်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လေးခု ကို ခွင့်ပြုခဲ့ပြီးအမေရိကန်ဒေါ်လာသန်းပေါင်း၁၂ဒသမ၅၄၀နှင့်အလုပ်အကိုင်ပေါင်း၅၇၀၅ခုကိုဖန်တီးပေးနိုင်ခဲ့သည်။ထို့ပြင်အဆိုပါအစည်းအဝေးမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း  တစ်ခုကို ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာသန်း ပေါင်း သုညဒသမ ၄၈၄နှင့်ကျပ်သန်း၇၀၄ဒသမ၇၃၃နှင့်အလုပ်အကိုင်၂၅၁ခုကိုဖန်တီးပေးနိုင်ခဲ့သည်။စက်တင်ဘာ၉ရက်ကကျင်းပခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မ ရှင်အစည်းအဝေး အမှတ်စဉ် ၁၇/ ၂၀၁၆အရ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းပေါင်း ၁၇ ခုကို ခွင့်ပြုပေး ခဲ့ပြီးရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိ ကန်ဒေါ်လာသန်းပေါင်း ၂၀၅ဒသမ၁၄နှင့်ပြည်တွင်းအလုပ်အကိုင်ပေါင်း ၈၉၈၉ခုကိုဖန်တီးပေးနိုင်ခဲ့သည်။အဆိုပါအစည်းအဝေးမှမြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်းခြောက်ခုကိုခွင့်ပြုခဲ့ပြီးရင်းနှီးမြှုပ်နှံမှုပမာဏမှာအမေရိ ကန်ဒေါ်လာသန်း ပေါင်း ၃၉ ဒသမ ၉၀၃ အပါအဝင် ကျပ်သန်း ၆၀၇၁၂ ဒသမ ၆၄၀ နှင့် အလုပ်အကိုင်ပေါင်း ၁၂၀၁ ခုကို ဖန် တီးပေးနိုင်ခဲ့သည်။ယင်းအစည်းအဝေးနှစ်ကြိမ်မှခွင့်ပြုပေးခဲ့သည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာအမေရိကန်ဒေါ်လာသန်း         ပေါင်း၂၁၇ဒသမ၆၄၄ နှင့်အလုပ်အကိုင်ပေါင်း၁၄၆၉၄ခုကိုဖန်တီးပေး နိုင်ခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအရခွင့်ပြုပေးခဲ့သည့်လုပ်ငန်း၂၁ခုတွင်စက်မှုလုပ်ငန်း၁၇ခု၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးလုပ်ငန်းတစ်ခု၊ မွေးမြူ ရေး^ရေလုပ်ငန်းတစ်ခု၊အခြားဝန် ဆောင်မှုလုပ်ငန်းတစ်ခုနှင့် လျှပ်စစ် ဓာတ်အားလုပ်ငန်းတစ်ခုတို့  ပါဝင် ကြောင်း သိရသည်။မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စုစု ပေါင်း ခုနစ်ခု ခွင့်ပြုပေးခဲ့ရာတွင် ရင်းနှီး မြှုပ်နှံမှုပမာဏစုစုပေါင်းမှာ အမေရိ ကန်ဒေါ်လာသန်းပေါင်း ၄၀ ဒသမ ၃၈၇ အပါအဝင် ကျပ်သန်း ၆၁၄၁၇ ဒသမ ၃၇၃ နှင့် အလုပ်အကိုင်  ၁၄၅၂ ခုကို ဖန်တီးပေးနိုင်ခဲ့သည်။
ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းခုနစ်ခု တွင် စက်မှုလုပ်ငန်းနှစ်ခု၊ သယ်ယူပို့ ဆောင်ရေးလုပ်ငန်းတစ်ခု၊ မွေးမြူရေး လုပ်ငန်း တစ်ခု၊ လယ်ယာလုပ်ငန်းတစ် ခုနှင့်အခြားဝန်ဆောင်မှုလုပ်ငန်းနှစ်ခု တို့ဖြစ်ကြောင်း သိရသည်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General