ရက်သတ္တပတ်အတွင်း ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၆၆ သန်းကျော်ရှိ

စက်တင်ဘာ ၃ ရက်မှ ၉ ရက် အထိ   ရက်သတ္တပတ်ကာလအတွင်း ပို့ကုန်    တင်ပို့နိုင်မှုမှာ  အမေရိကန် ဒေါ်လာ ၁၈၂ ဒသမ ၄၈၈ သန်း၊ သွင်း ကုန်တင်သွင်းနိုင်မှုမှာ    အမေရိကန် ဒေါ်လာ ၂၄၈ ဒသမ  ၉၆၂ သန်းဖြစ်တဲ့ အတွက် ကုန်သွယ်မှုပမာဏ စုစုပေါင်း မှာ အမေရိကန်ဒေါ်လာ ၄၃၁ ဒသမ ၄၅၀ သန်းဖြစ်ပါတယ်။ ကုန်သွယ်မှုလို ငွေမှာ အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၄၇၄ သန်းဖြစ်ပြီး ချုပ်ပြီးအထည်၊ သတ္တုနဲ့ သတ္တုရိုင်းတင်ပို့မှု လျော့နည်း ခဲ့ခြင်းကြောင့် ကုန်သွယ်မှုလိုငွေပြခဲ့ရ ခြင်းဖြစ်ပါတယ်။
ရက်သတ္တပတ်အတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ တင်ပို့နိုင်မှု မှာ အမေရိကန်ဒေါ်လာ ၁၃၀ ဒသမ ၁၅၈ သန်း၊ သွင်းကုန်တင်သွင်းနိုင်မှုမှာ အမေရိကန် ဒေါ်လာ ၁၉၂ ဒသမ ၆၃၇ သန်းဖြစ်ပြီး၊ ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၄၇၉ သန်းဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ပို့ကုန်တင်ပို့နိုင်မှုမှာ အမေ ရိကန် ဒေါ်လာ ၅၂ ဒသမ ၃၃ သန်း၊ သွင်းကုန်တင်သွင်းနိုင်မှုမှာ အမေ ရိကန် ဒေါ်လာ ၅၆ ဒသမ ၃၂၅ သန်း ဖြစ်ပြီး၊ ကုန်သွယ်မှုလိုငွေမှာ အမေ ရိကန်ဒေါ်လာ ၃ ဒသမ ၉၉၅ သန်း ဖြစ် ပါတယ်။ ဒါကြောင့် ကုန်သွယ်မှုကဏ္ဍတစ်ရပ်လုံးအတွက် ကုန်သွယ်မှု လိုငွေ မှာ ၆၆ ဒသမ ၄၇၄ သန်းရှိကြောင်း တွက်ချက်မှုစာရင်းများအရ သိရှိ ရပါ တယ်။
ယဉ်ယဉ်အေး

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General