အိမ်နီးချင်းနိုင်ငံများမှစက်တင်ဘာလပထမပတ်အတွင်းဆိုင်ကယ်တင်သွင်းမှုလျော့ကျ
                                                    
                
	စက်တင်ဘာ      ပထမပတ် အတွင်း အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်၊   ထိုင်းနဲ့   အိန္ဒိယနိုင်ငံတို့မှ အမေရိကန်ဒေါ်လာ   ၆ ဒသမ ဝ၀၄ သန်းတန်ဖိုးရှိ  ဆိုင်ကယ်မျိုးစုံ ၁၂၀၇၆ စီး တင်သွင်းလာတာ   တွေ့ရပါတယ်။ ယခင်တစ်ပတ်က ၁၂၂၈၅ စီး တင်သွင်း ခဲ့တာမို့ ယခုတစ်ပတ်မှာ ၂၀၉ စီး လျော့ နည်းတင်သွင်းခဲ့တာ   တွေ့ရပါတယ်။ ယခုတစ်ပတ်မှာ  မြဝတီကုန်သွယ်ရေး ဇုန်၊     တမူးကုန်သွယ်ရေးစခန်းနဲ့ ကန်ပိုက်တီး ကုန်သွယ်ရေးစခန်းများမှ ဆိုင်ကယ်များ    ပိုမိုတင်သွင်းခဲ့သော် လည်း   မူဆယ်ကုန်သွယ်ရေးဇုန်မှ  တင်သွင်းမှု    လျော့ကျခဲ့တဲ့အတွက် ယခင်တစ်ပတ်ထက်    ဆိုင်ကယ်များ ဝင်ရောက်မှုလျော့နည်းခဲ့တာ   ဖြစ်ပါ တယ်။
	ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ် ရေးစခန်းများမှ တင်သွင်းမှုအခြေအနေ ကိုကြည့်ပါက     မူဆယ်ကုန်သွယ်ရေး ဇုန်မှ အမေရိကန်ဒေါ်လာ  ၃ ဒသမ ၃၄၈ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၁၀၃၀၂ စီး၊ မြဝတီကုန်သွယ်ရေးဇုန်မှ အမေ ရိကန်ဒေါ်လာ ၂ ဒသမ ၄၉၃ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၁၅၆၃ စီး၊ ကန်ပိုက် တီးကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၆၉ သန်းတန်ဖိုး ရှိ ဆိုင်ကယ် ၁၃၁ စီးနဲ့ တမူးကုန်သွယ် ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၉၄ သန်းတန်ဖိုးရှိ ဆိုင်ကယ် အစီး ၈၀ ကိုတင်သွင်းခဲ့တယ်လို့ သတင်း ရရှိပါတယ်။
	ခင်မိုးသူ
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General