မဲဆောက်အထူးစီးပွားရေးဇုန်တွင် နယ်စပ်ကုန်သွယ်ရေးဇုန် တည်ထောင်မည်

ထိုင်းနိုင်ငံ တပ်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်တွင် တည်ဆောက်မည့် အထူးစီးပွားရေးဇုန်အတွင်း နယ်စပ် ကုန်သွယ်ရေးဇုန် တည်ထောင်ရန် အတွက် မြေနေရာသတ်မှတ်နိုင်ရေးအားIndustrialEstateAuthorityofThailand(IEAT)နှင့်ညှိနှိုင်းဆောင်ရွက်လျက်
ရှိ ကြောင်း ဘဏ္ဍာရေးဌာန (Treasury Department)   ၏ ညွှန်ကြားရေးမှူးချုပ်Mr  Chankkrit  ကပြောကြားခဲ့ပါသည်။
မဲဆောက် အထူးစီးပွားရေးဇုန်၏ အကျယ်အဝန်းမှာ မြေရိုင် ၂၀ဝ၀(တစ်ရိုင် = သုည ဒသမ ၃၉၅ ဧက) ရှိရာနယ်စပ် ကုန်သွယ်ရေးဇုန်အတွက်ရိုင်၆၀ဝကိုလျာထားမည်ဖြစ်ကြောင်းနှင့်ယင်းအထူးစီးပွားရေးဇုန်သည်  မြန်မာ နိုင်ငံ  မြဝတီမြို့နှင့်
ချိတ်ဆက်နိုင်သော ကြောင့် နယ်စပ်ကုန်သွယ်ရေးဇုန်ဖွံ့ဖြိုး တိုးတက်လာရန် အလားအလာအကောင်း ဆုံးနေရာဖြစ်ပါသည်။
ထိုင်းအစိုးရသည် နယ်စပ်ဒေသ များတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှု များ ကို မြှင့်တင်နိုင်ရန်အတွက် အထူးစီးပွား ရေးဇုန်များ အလျင်အမြန်ဖွံ့ဖြိုးလာစေရန် တွန်းအားပေးဆောင်ရွက် လျက်ရှိ ကြောင်း၊ အထူးစီးပွားရေးဇုန် တည်ထောင် မည့် ဒေသများတွင် ကုန်သွယ်ရေးတိုးတက်မှုကိုအထောက်အကူပြုစေရန်အတွက်အခွန်အကောက်များကို လျှော့ချ ပေးရန်စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း နှင့်အထူးစီးပွားရေးဇုန်အတွင်းနယ်စပ်ကုန်သွယ်ရေးဇုန်ထားရှိသကဲ့သို့စက်မှုဇုန်ကိုလည်းတည်ထောင်မည်ဖြစ်ကြောင်း  ဖော်ပြထား ပါသည်။
ကျော်သူရ၊ စီးပွားရေးသံမှူး
 မြန်မာသံရုံး၊ ဗန်ကောက်မြို့

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General