ပြည်တွင်းရှယ်ယာဈေးနှုန်းများ ကျဆင်း

ယခုတစ်ပတ်တွင်း ပြည်တွင်းရှယ် ယာဈေးနှုန်းများ ဆက်လက်ကျဆင်းခဲ့ ကြောင်း သိရသည်။အထူးသဖြင့်မြန်မာ  နိုင်ငံသားများဘဏ်၏ရှယ်ယာဈေးနှုန်း များမှာ ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများဘဏ်၏ရှယ် ယာဈေးနှုန်းများသည် စက်တင်ဘာ ၁ ရက်က ကျပ် ၁၂၀ဝ၀ ရှိခဲ့သော်လည်း ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်က ကျပ် ၉၄၀ဝ သို့ကျဆင်းခဲ့ကာ စက် တင်ဘာ ၁၅ ရက်တွင် ကျပ် ၈၃၀ဝသို့ ဆက်လက်ကျဆင်းခဲ့သည်။
]]ပြည်တွင်းရှယ်ယာဈေးနှုန်းများ ကျဆင်းရတာကတော့  ဒီမှာက ရှယ် ယာတွေကို ကြိုက်ရောင်းကြိုက်ဝယ် သဘောမျိုးပဲလုပ်နေကြတာ။ တကယ် တမ်း ရှယ်ယာရဲ့သဘောတရားကိုသိလို့ လုပ်နေကြတာမဟုတ်ဘူး။ ဒါကလည်း အစဖြစ်နေလို့ပါ။ နောက်ဆိုရင်တော့  လုပ်ငန်းရဲ့သဘောကိုနားလည်သွားကြ ရင်တော့  ဈေးကွက်မှာ   စာရင်းဝင် ကုမ္ပဏီတွေရဲ့   အခြေအနေတွေကို ကြည့်ပြီး ရှယ်ယာအရောင်းအဝယ်လုပ် ကြမှာပါ}}ဟု စတော့ရှယ်ယာကျွမ်းကျင် သူတစ်ဦးက မှတ်ချက်ပြုခဲ့သည်။
ယခုတစ်ပတ်တွင်MTCH၏ ရှယ်ယာဈေးနှုန်းမှာ ကျပ် ၄၂၀ဝ၀ ရှိခဲ့ပြီးFMIှု ၏ရှယ်ယာဈေးနှုန်းမှာ ကျပ် ၁၈၅၀ဝရှိခဲ့ကာ မြန်မာနိုင်ငံသား များဘဏ်၏ဈေးနှုန်းမှာ ကျပ် ၈၄၀ဝ ဖြင့် အရောင်းအဝယ်အနည်းငယ်သာ ဖြစ်ခဲ့သည်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General