ပုဂ္ဂလိကလုပ်ငန်းရှင်များအားNational Trade Portal and Trade Repository Website အား မိတ်ဆက်

စီးပွားရေးနှင့်   ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊    ကုန်သွယ်ရေး ဦးစီးဌာနနှင့်USAID တို့ ပူးပေါင်း၍ မန္တလေးတိုင်း    ဒေသကြီးအတွင်းရှိ ပုဂ္ဂလိက လုပ်ငန်းရှင်များအား National  Trade  Portal  andTrade  Repository  Website  အား မိတ်ဆက်သည့် အခမ်း အနားကို    စက်တင်ဘာ    ၁၄ ရက်က မန္တလေးမြို့၊ ဆီဒိုးနားဟိုတယ်ခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ မိတ်ဆက်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း၊     ညွှန်ကြားရေးမှူး ဒေါ်တင်စန်းရီ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုး ခိုင်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းမင်းဖြိုး၊USAID မှ မစ္စတာ စတိဖ်ပါကာ ၊ ပို့ကုန်သွင်း ကုန်ရုံး(မန္တလေး) တာဝန်ခံ (လက်ထောက်ညွှန်ကြား ရေးမှူး) ဦးအေးမင်းထွန်း၊ ဖိတ်ကြား ထားသော တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာ အကြီးအကဲများ၊ မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းနှင့် ညီနောင်အသင်းအဖွဲ့များ၊ ကုန်သွယ် မှုအခြေခံသင်တန်းမှ သင်တန်းသား၊ သင်တန်းသူ   စုစုပေါင်း ၁၄၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
မိတ်ဆက်ပွဲအခမ်းအနားတွင် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးရန်နိုင်ထွန်းကNational  Trade  Portal  andTrade  Repository  Website ကို ၂၀၁၆ ခုနှစ် မေ ၂၆ ရက် တွင် နိုင်ငံတော် ဒုတိယသမ္မတ တက် ရောက်ပြီး တရားဝင်လွှင့်တင်ပွဲ အခမ်း အနားဖြင့် စတင်ထုတ် လွှင့်ခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့် မိတ်ဆက်သည့်    အခမ်းအနားအား ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၁၄ ရက်က ရန်ကုန် မြို့၊ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဝက်ဘ်ဆိုက် တည်ထောင်ရသည့် ရည်ရွယ်ချက်မှာ ပုဂ္ဂလိက    လုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်မှုဆိုင်ရာ    သတင်းအချက် အလက်များကို      လွယ်လွယ်ကူကူ သိရှိစေရန်နှင့် ကုန်သွယ်မှုလျင်မြန်ချော မွေ့စေရေးကို အထောက်အကူဖြစ်စေ ရန်၊   အချိန်နှင့်   ကုန်ကျစရိတ်တို့ကို သက်သာစေရန်တို့    ဖြစ်ပါကြောင်း၊ ကုန်စည်များတင်သွင်း၊ တင်ပို့လိုသည့် လုပ်ငန်းရှင်များအနေဖြင့်    သတင်း အချက်အလက်များကို  လွယ်လွယ်ကူကူရရှိနိုင်မှာဖြစ်ပါကြောင်း၊ ဒီဝက်ဘ် ဆိုက်ကို အောင်မြင်စွာ   လွှင့်တင်နိုင် ခဲ့ခြင်းကြောင့်   ကုန်သွယ်မှု ပြုလုပ်သူ များသာမက    ရင်းနှီးမြှုပ်နှံသူတွေ၊ သုတေသနပညာရှင်တွေစတဲ့ နယ်ပယ် စုံကလူတွေအနေနဲ့ ကုန်သွယ်မှုအချက် အလက်တွေကို   အချိန်တိုအတွင်းမှာ ရှာဖွေသိရှိနိုင်မှာ ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံကုန်သွယ်မှုနှင့်     ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကဏ္ဍများမှာ   နိုင်ငံတကာနှင့်
ချိတ်ဆက်ဆောင်ရွက်နိုင်မှာဖြစ်သည့်အတွက် နိုင်ငံတော်အတွက် ကုန်သည် လုပ်ငန်းရှင်များအတွက် များစွာအကျိုး ဖြစ်ထွန်းစေမှာ   ဖြစ်ပါကြောင်း    ပြော ကြားခဲ့ပါသည်။  USAID  မှ  မစ္စတာ စတိဖ်ပါကာကလည်း မိတ်ဆက်စကား ပြောကြားပြီးနောက်National  Trade  Portal  andTrade  Repository  Website အသုံးပြုပုံများကို ကုန်သွယ်ရေးဦးစီး ဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ဝင်း မင်းဖြိုးနှင့် ဦးစီးအရာရှိ ဒေါ်ဟေမာန် သိန်းဦးတို့က လက်တွေ့ရှင်းလင်းပြသခဲ့ ကြောင်း သိရသည်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General