ဒီတစ်ပတ် ဘိလပ်မြေတန်ချိန် ၁၄၀ဝ၀ ကျော်ဝင်

သီတင်းတစ်ပတ်ဖြစ်တဲ့ သြဂုတ်၂၈ ရက်မှစက်တင်ဘာ ၃ ရက်အတွင်း ကန် ဒေါ်လာ ၁၁၈၀၉၆၂ တန်ဖိုးရှိ ဘိလပ်မြေ ၁၄၂၂၅ဒသမ ၉၆၂တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။  ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံမှ ၄ ဒသမ ၉၃၂ တန်နဲ့ ထိုင်းနိုင်ငံမှ ၁၄၂၂၁ ဒသမ ဝ၃ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။  ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန်၅၈၀ဝကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် ၈၄၀ဝ ကျော် တင်သွင်းမှု ပိုခဲ့တယ်လို့ သိရပါတယ်။ ကာလတူဖြစ်တဲ့ ၂၀၁၅ခုနှစ် သြဂုတ် ၂၈ ရက်မှစက်တင်ဘာ ၃ ရက်သီတင်းပတ်အတွင်းမှာ ဘိလပ်မြေတန်ချိန် ၇၀၉၀ဝ ကျော် တင်သွင်းနိုင်ခဲ့ပြီး၂၀၁၆ယခုသီတင်းပတ်ဘိလပ်မြေတင်သွင်းမှုနဲ့ယှဉ်ရင်ဒီတစ်ပတ်မှာအဝင်တော်တော်လေးလျော့နည်းခဲ့တာ တွေ့ရပါတယ်။
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General