မူဆယ်၊ စစ်တွေနဲ့ မောင်တောစခန်းများမှ နနွင်းတက်တင်ပို့

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ် ၂၇  ရက်မှ စက်တင်ဘာ ၂ ရက်အတွင်း အမေရိကန်ဒေါ်လာ ၄၈၉၆၀ တန်ဖိုးရှိ  နနွင်း တက် (ရှမ်းစ) ၆၄ တန်ကိုလည်းကောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ  စစ်တွေ ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၁၂၀ဝ တန်ဖိုးရှိ နနွင်းတက် (ကျောက် ဆည်) ၇  တန်နဲ့ မောင်တော ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၄၄၁၃၉ တန်ဖိုးရှိ နနွင်းတက် (ကျောက်ဆည်) ၃၂တန် ကျော်ကိုလည်းကောင်း အသီးသီး တင်ပို့ခဲ့ပါတယ်။ ရှမ်းနနွင်းပုံမှန်အရောင်းအဝယ်ရှိပြီးဟိုပုံးနနွင်းကတော့ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်မှဝယ်လက်တွေကဝယ်ယူကြတာလို့သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့အရည်အသွေးပေါ်မူတည်ပြီ;နနွင်းဈေးတွေကွာခြားကြတယ်လို့ပွဲရုံတွေကသတင်းရရှိပါတယ်။                                                   မော်မော်အောင်
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General