မူဆယ်မှ ပြောင်းတန်ချိန် တစ်သောင်းကျော်တင်ပို့

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ် ရေးဇုန်မှ သြဂုတ် ၂၇ရက်မှ စက်တင်ဘာ ၂ရက်အတွင်း အမေရိကန်ဒေါ်လာ ၂ဒသမ ၈၆၈ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၁၂၅၃၇ တန်ခွဲအထိ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် သီတင်းပတ်က မူဆယ်မှ ပြောင်းတန် ချိန် ၈၇၀ဝသာ တင်ပို့ခဲ့လို့ ယခုတစ်ပတ် ရဲ့ ပြောင်းတင်ပို့မှုမှာ မူဆယ်မှ ၃၈၃၇ တန်ခွဲ ပိုမိုလာတာ တွေ့ရပါတယ်။ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီး စခန်းသုံးခုကလည်း အမေရိကန်ဒေါ်လာ သုည ဒသမ ၇၈၀သန်း တန်ဖိုးရှိ ပြောင်း ဖူးစေ့ ၃၁၃၈ တန်ကို ပုံမှန် တင်ပို့ခဲ့ ပါတယ်။ စခန်းအလိုက် တင်ပို့ခဲ့တာ ကတော့ လွယ်ဂျယ်မှ ၉၃၃တန်ကျော်၊ ချင်းရွှေဟော်မှ ၂၁၃၃တန်ကျော် နဲ့ ကန်ပိုက်တီးမှ ၇၁တန်ခွဲ ဖြစ်ပါတယ်။ သြဂုတ်လအတွင်း တရုတ်နိုင်ငံသို့  ပြောင်းတန်ချိန်ပေါင်း ၆၉၀ဝ၀ ကျော် တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။
 မူဆယ်ကုန်စည်ဒိုင်မှာ သြဂုတ် ၂၆ရက်က ပြောင်း တစ်တန်ရဲ့ မိမိ ဘက်ပေါက်ဈေးမှာ ၂၇၆၄၈၁ ကျပ်သို့ ရှိပြီး စက်တင်ဘာ ၂ရက်မှာတော့ ၂၇၇၉၇၈ ကျပ်သို့ ဈေးအနည်းငယ် မြင့်တက် လာခဲ့ကြောင်း၊ ဇွန်လမှစ၍ တရုတ် နိုင်ငံမှ ပထမအကြိမ် တန် ၁၆၀ဝ၀အား ကိုတာစနစ်ဖြင့် ခွင့်ပြုခဲ့လို့ ယခုတစ်ပတ် တွင်လည်း ပြောင်းတင်ပို့မှု ပိုမိုခဲ့ကြောင်း၊ သယ်ယူစရိတ်မှာ ယခုတစ်ပတ်တွင် တစ်ပိဿာ ၄၅-၄၆ ကျပ်ရှိပြီး၊ ကားဝင် ရောက်မှု ၄၉၆စီး ဝင်ရောက်ခဲ့ကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။
မော်မော်အောင်

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General