ယခုတစ်ပတ် ကုန်သွယ်မှုလိုငွေအမေရိကန်ဒေါ်လာ ၂၄ သန်းကျော်သာရှိ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ပို့ကုန် တင်ပို့နိုင်မှုမှာ အမေရိကန်ဒေါ်လာ ၂၅၅ ဒသမ ၉၃၃ သန်း၊ သွင်းကုန် တင်သွင်းနိုင်မှုမှာ အမေရိကန်ဒေါ်လာ ၂၈၀ ဒသမ ၉၀၂ သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၅၃၆ ဒသမ ၈၃၅ သန်း ဖြစ်ပါတယ်။ ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၉၆၉ သန်း ဖြစ်ပြီး လိုငွေပြရခြင်းမှာ သဘာဝဓာတ်ငွေ့ တင်ပို့မှု လျော့နည်းခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ယခုတစ်ပတ်အတွင်း ပို့ကုန် အမေရိကန် ဒေါ်လာ ၂၀၃ ဒသမ ၇၈၃ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၂၂၅ ဒသမ ၈၅၈ သန်း ဖြစ်ပြီး၊ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ဝ၇၅ သန်းဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပို့ကုန်အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၁၅၀ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၅၅ ဒသမ ဝ၀၄ သန်း ဖြစ်တဲ့အတွက်  ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၉၄ သန်း ဖြစ်ပါတယ်။ ဒါကြောင့် ကုန်သွယ်မှုကဏ္ဍတစ် ခုလုံးအနေနဲ့ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၉၆၉ သန်းဖြစ်ပါတယ်။ ယခင်တစ်ပတ်က ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၁၂၄ သန်းဖြစ်တဲ့အတွက် ယခု တစ်ပတ်မှာ ကုန်သွယ်မှုလိုငွေလျော့နည်းသွားကြောင်းသိရှိရပါတယ်။
ယဉ်ယဉ်အေး

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General