ချင်းရွှေဟော်မှ သကြား ပိုမိုတင်ပို့

မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ သြဂုတ် ၂၀ ရက်မှ ၂၆ရက် သီတင်းပတ်တွင် အမေရိ ကန်ဒေါ်လာ ၃၄၃၈၀ဝ တန်ဖိုးရှိ သကြား ၅၉၀ တန်ခွဲကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၁၆တန်ခွဲသာ တင်ပို့ခဲ့လို့ ယခု တစ်ပတ် ချင်းရွှေဟော်မှ သကြား ၅၇၄တန် ပိုမို တင်ပို့ ခဲ့တာ တွေ့ရပါတယ်။ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကတော့ အမေရိကန် ဒေါ်လာ ၈ဒသမ ၅၄၉သန်း တန်ဖိုးရှိ သကြား ၁၅၅၀၁ တန်ကျော် တင်ပို့ခဲ့ပါတယ်။ မူဆယ် ကုန်သွယ်ရေးဇုန်မှ ယခင်တစ်ပတ်က ၂၀၉၁၄ တန်ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ တရုတ်နိုင်ငံသို့ သကြားတင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခု သီတင်းပတ်တွင်လည်း ပြည်တွင်း ၌ သကြားဈေး တစ်တန်လျှင် ခုနစ်သိန်း လေးသောင်းကျပ်ခန့်အထိ ရှိနေပြီး တစ်ဖက် နိုင်ငံတွင် ၅၀ကီလို တစ်အိတ်ကို ၂၃၂- ၂၃၃ ယွမ်ဈေးသာ ရှိတော့ကြောင်း သိရပါ တယ်။
မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်မှ ယခုတစ်ပတ်တွင် အမေ ရိကန်ဒေါ်လာ ၁၁၂၆၈၁၂ တန်ဖိုးရှိ သကြား ၂၀၄၈ တန်ခွဲ တင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က ၂၈၄၁တန်ကျော် တင်သွင်းခဲ့လို့ မြဝတီဇုန်မှလည်း သကြားတင် သွင်းမှုလျော့နည်းခဲ့တာ တွေ့ရပါတယ်။                                       မော်မော်အောင်
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General