စားအုန်းဆီဈေးနှုန်းဘာကြောင့် တက်သလဲ

သြဂုတ်လအတွင်း နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့တို့တွင် စားအုန်းဆီ တစ်ပိဿာ လျှင် ၂၀ဝ၀ ကျပ်ခန့်ရှိခဲ့ပြီး ယခင်လနှင့် နှိုင်း ယှဉ်ရင် နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် ၃၀ဝ ကျပ်ခန့် မြင့်တက်ခဲ့ပြီး ရန်ကုန်တွင် ၃၅၀ ကျပ်ခန့် မြင့်တက်ခဲ့ပါတယ်။ ယခင်နှစ် ဈေးနှုန်း နှင့် နှိုင်းယှဉ်ပါက နေပြည်တော်တွင် ၄၀ဝ ကျပ် ခန့်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ၅၀ဝ ကျပ် ခန့် ဈေးနှုန်း မြင့်တက်ခဲ့ပါတယ်။
ယခုတစ်ပတ်အတွင်း ဈေးကွက်တွင် ဖြစ် ပေါ်ခဲ့သော စားသုံးဆီ ဈေးနှုန်းများကို လေ့လာ ကြည့်ပါက ပဲဆီတစ်ပိဿာကို နေပြည်တော် တွင် ၅၈၀ဝကျပ်၊ ရန်ကုန်တွင် ၆၀ဝ၀ ကျပ်၊ မန္တလေးတွင် ၅၂၀ဝ ကျပ် ဈေးနှုန်းအသီးသီး ဖြစ်ပေါ်ခဲ့၍ ယခင် တစ်ပတ်အတိုင်း ဈေးငြိမ် နေတာ တွေ့ရပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ ပြည်တွင်း စားသုံးဆီ ထုတ် လုပ်မှုဟာ ပြည်တွင်း စားသုံးမှုအတွက် မလုံ လောက်တာကြောင့် ပြည်တွင်း ဆီဈေးနှုန်း မြင့် တက်ပြီး ဝင်ငွေနည်းပါးတဲ့ ပြည်သူများ စားသုံး ရန် အခက်အခဲမရှိစေဖို့ ပြည်ပမှ စားအုန်းဆီ များ တင်သွင်းခွင့် ပြုထားကြောင်း သိရပါတယ်။ စားအုန်းဆီ တင်သွင်းမှုအနေဖြင့် ယခင်နှစ်တွေ က ကုမ္ပဏီ အကန့်အသတ်ဖြင့် တင်သွင်းခွင့်ပြု ခဲ့ရာမှ ၂၀၁၁ ခုနှစ်မှစ၍ ပြည်သူလူထု၏ စားသုံးမှု ဖူလုံစေရန်အတွက် အမေရိကန် ဒေါ်လာငွေကြေး လက်ဝယ်ရှိသည့် မည်သည့် ကုမ္ပဏီကိုမဆို ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေး စခန်းများမှ လွတ်လပ်စွာ တင် သွင်းခွင့် ပြုထားကြောင်း သိရ ပါတယ်။
ပြည်ပမှ တင်သွင်းသော စားအုန်းဆီ ဈေးနှုန်းမှာ ယခုတစ်ပတ် င်္ဃှု တန်ဖိုးမှာ အမေ ရိကန် ဒေါ်လာ၇၇၀ ဖြစ်ပြီး၊ ယခင်တစ်ပတ်က  ၇၈၅ ဒေါ်လာဖြစ်၍ ယခင်တစ်ပတ်ထက် ဈေးနှုန်း အနည်းငယ် ကျဆင်းခဲ့ပါတယ်။ ငွေလွှဲ နှုန်းမှာ ယခု တစ်ပတ် တစ်ဒေါ်လာလျှင် ၁၂၀၄ ကျပ် ဖြစ်ပြီး ယခင် တစ်ပတ်ထက်  ၁၄ ကျပ်ခန့် ဈေးမြင့်တက် ခဲ့၍ စားအုန်းဆီ အရင်းဈေးနှင့် ဖြန့်ဖြူး ဈေးမြင့်တက်မှု အနည်းငယ်သာ ကျဆင်း ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။
နိုင်ငံတကာအနေနဲ့ အဓိက ဆီစားသုံး နိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယနိုင်ငံများ၏ ဝယ်လိုအားကြောင့် ယခုလတွင် သင်္ဘောတင် ပို့မှု မြင့်တက်ခဲ့၍ ဆီတင်ပို့မှု ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ထိပ်တန်းဆီ ထုတ်လုပ် သည့် နိုင်ငံများဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံများတွေမှာ စားအုန်းဆီ အထွက်နှုန်း ကျဆင်းခဲ့ကြောင်း၊ ရောင်းလိုအား ကျဆင်းခဲ့ပြီး စားအုန်းဆီဈေးမှာ အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါတယ်။ ကမ္ဘာ့စား သုံးဆီ ဈေးကွက်နှင့် ချိတ်ဆက် လျှက်ရှိသော ပြည်တွင်း စားအုန်းဆီ လက်ကား ဈေးကွက်မှာ ကမ္ဘာ့ဈေးနှုန်း မြင့်တက်လာခြင်းကြောင့် မိမိ ပြည်တွင်း လက်ကားဈေးနှုန်းများလည်း လိုက် ပါ မြင့်တက်ခဲ့ကြောင်း တွေ့ရှိရပါတယ်။
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General