စခန်းစုံမှ ကြက်သွန်နီ တင်ပို့

သြဂုတ် ၂၀ရက်မှ ၂၆ရက်တာ ရက်သတ္တပတ်တွင် မြန်မာ - တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂၁၂၀ဝ၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၈၀ဝ ၊ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အမေ ရိကန်ဒေါ်လာ ၈၇၁၂၁ တန်ဖိုးရှိ ကြက်သွန်နီ ၂၃၉ တန်နီးပါး၊ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၂၆၅၀ဝ တန်ဖိုးရှိ ကြက်သွန်နီ တန် ၁၀ဝ နဲ့ အမေရိကန်ဒေါ်လာ ၂၆၀၇၀ဝ တန်ဖိုးရှိ ကြက်သွန် ဖြူ ၁၆၅ တန် အသီး သီး တင်ပို့ခဲ့ကြပါ တယ်။ ယခင်ရက်သတ္တပတ်က မူဆယ်မှ ကြက်သွန်နီ ၁၅၅၀ တန်နဲ့ မြဝတီမှ ၂၂၂တန်ကျော်သာ တင်ပို့ခဲ့တဲ့ အတွက် ယခု တစ်ပတ် ကြက်သွန်နီ ပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။ မူဆယ်တွင် ကြက်သွန်နီ တင်ပို့မှုအနေဖြင့် တစ်နေ့လျှင် ပျမ်းမျှ ကား အစီးရေ ၁၃စီးခန့် ဝင်ရောက်ခဲ့ကြောင်း၊ မူဆယ်နဲ့ တာချီလိတ်တွင် ကြက်သွန်နီ လိုင်စင်ဈေး တစ်တန်ကို ၂၆၅ ဒေါ်လာ၊ မြဝတီ တွင် ၃၆၅ဒေါ်လာ ရှိတယ်လို့ သိရပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General